တနိုင်ငံလုံးနီးပါးရေဘေးကြုံနေရပေမယ့် စစ်ကောင်စီကတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဘာတစ်ခုမှ လုပ်ဆောင်တာမတွေ့ရသေးပါဘူး။တခြားဒေသတွေမှာ ကူညီပေးဖို့နေနေသာသာ သူတို့ရုံးစိုက်ရာနေပြည်တော်မှာတောင် ကယ်ဆယ်ရေးလုပ်ဆောင်တာ တွေ့ရသေးပါဘူး။မုန်တိုင်းအရှိန်ကြောင့် တချိန်ထဲမှာပဲထိုင်းနိုင်ငံမှာလဲ ရေကြီးနေပါတယ်။ထိုင်းအစိုးရဟာချက်ချင်း ရဟတ်ယာဥ်တွေသုံးပြီးကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်။တာချီလိတ်မြို့တဖက်ကမ်းက ချင်းမိုင်မြို့မှာထိုင်းစစ်တပ်ရေဘေးသင့်ပြည်သူတွေအတွက် လေကြောင်းကနေရိက္ခါတွေချပေးနေတာတွေ့ရတယ်။စစ်ကောင်စီကတော့ ရဟတ်ယာဉ်တွေကိုပြည်သူတွေကိုဗုံးကြဲသတ်ဖြတ်ဖို့သာ သုံးနေတာပါ။
ရေဘေးကြောင့် သေဆုံးသူတွေဟာလဲ အဆမတန်မြင့်တက်လာပါပြီ။ရမည်းသင်းနဲ့တောင်သာမြို့နယ်ထဲမှာတင် သေဆုံးသူအရေအတွက် တစ်ရာကျော်သွားပါပြီ။စစ်ကောင်စီက ဘာမှမလုပ်ပေးတော့ကူညီကယ်ဆယ်ရေးကို ပြည်သူတွေအချင်းချင်းသာအလှူငွေတွေကောက်ခံပြီး ဆောင်ရွက်နေရတယ်။ဒါပေမယ့်လဲ ဆင်ပါးစပ်နှမ်းပတ်သလိုပါပဲ။မုန်တိုင်းကပြီးသွားပေမယ့် ရေဘေးဒုက္ခတွေကတော့ တန်းစီရောက်လာလိမ့်ဦးမယ်။