တရုတ်ကTLNAကို စာပစ်ခြိမ်းခြောက်ပြီးနောက် နိုင်ငံတဝန်းစစ်ရေးအရှိန်တွေ သိသိသာသာလျော့ကျသွားတာတွေ့ရတယ်။ထိုစာနဲ့ပတ်သက်ပြီး TLNAဘက်ကတရားဝင်တုန့်ပြန်မှု အခုအချိန်အထိမလုပ်သေးပါဘူး။ဒါပေမယ့် တောင်ခမ်းနယ်ဘက်မှာတော့ စစ်ကောင်စီနဲ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲပဲ။MNDAAကတော့ လောလောဆယ်မှာထိုးစစ်တွေ ရပ်တန့်ထားပြီးသူတို့သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ပြန်လည်တည်ဆောက်ရေးကို အာရုံစိုက်နေတယ်။
စစ်ကောင်စီတပ်တွေအပေါ် ထိုးစစ်ကြီးတွေလျော့ကျသွားပေမယ့် ဒေသအလိုက်တိုက်ပွဲတွေကတော့ ဆက်လက်ရှိနေဆဲပါပဲ။ကချင်နဲ့စစ်ကိုင်းအစပ်မှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေသလိုစစ်ကိုင်းတိုင်းထဲမှာလဲပျူစောထီးရွာတွေကို ဒေသခံတော်လှန်ရေးတပ်တွေက ဆက်တိုက်ဆိုသလိုစီးနင်းတိုက်ခိုက်နေတယ်။၁၀၂၇လိုစစ်ဆင်ရေးကြီးတွေကတော့ ပွင့်လင်းရာသီရောက်မှ နောက်တလှိုင်းပြန်လာတော့မယ်လို့ထင်ရတယ်။