စစ်တပ်ရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းကို တော်လှန်ရေးအဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ထိုပစ်ခတ်မှုကြောင့် စစ်တပ်အရာရှိတွေအပါအဝင် ၁၈ဦးခန့်ထိခိုက်ခဲ့တယ်လို့သိရတယ်။မန္တလေးနန်းတွင်းကစစ်ဌာနချုပ် တိုက်ခိုက်ခံရတာဒါနဲ့ဆိုနှစ်ကြိမ်ရှိပါပြီ။အပစ်ခံရချိန်မှာ ဒုစစ်ခေါင်းဆောင်စိုးဝင်းလဲနန်းတွင်းမှာရှိနေခဲ့ပေမယ့် လွတ်မြောက်သွားခဲ့ပါတယ်။စိုးဝင်းဟာအကြမ်းဖက်စစ်တပ်က ပြန်လည်ဖော်ဆောင်မယ့်နိုင်ငံတော်အဆင့်ဆိုတဲ့ ထိုးစစ်ကြီးအတွက်မန္တလေးမှကိုင်တွယ်ညွန်ကြားနေတယ်လို့သိရတယ်။ထိုထိုးစစ်နဲ့လားရှိုးကို ပြန်လည်သိမ်းပိုက်မယ်လို့လဲ စစ်ကောင်စီကကြုံးဝါးထားသေးတယ်။လက်တွေ့မှာတော့ နေရာတိုင်းမှာအရှုံးကြီးရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်အတွက် လားရှိုးကိုပြန်သိမ်းနိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေအလွန်နည်းပါတယ်။
မတ် ၁၅၊ ၂၀၂၅။ (စနေ)
အိမ်နီးချင်းနိုင်ငံတွေကတော့ မြန်မာပြည်ကို ပါးပါးလှီးဖို့ကြံစည်နေပါတယ်။အိန္ဒိယဟာမြန်မာ့နယ်မြေအချို့ကို သူ့နိုင်ငံထဲသွတ်သွင်းဖို့ကြံစည်နေချိန်မှာပဲ တရုတ်ကရှမ်းမြောက်မှာ...