သွင်းကုန်တွေကို ပို့ကုန်ရငွေရှိမှတင်သွင်းခွင့်ပြုမယ့် အစီအစဥ်မှာ အဓိကအရေးကြီးတဲ့ဆေးဝါးတွေလဲ ပါဝင်မှာဖြစ်ပြီး ဆေးဝါးသွင်းကုန် လိုင်စင် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းကိုလည်း စနစ်သစ်ဖြင့်သာ သွင်းကုန်လိုင်စင် ပြန်လျှောက်ရမယ်တဲ့။ ဆေးဝါးဆိုတာ ပြည်သူတွေအတွက် မရှိမဖြစ်အရာ တစ်ခုပဲလေ။ ဒါကိုပါတင်းကြပ်လိုက်တော့ စျေးကွက်ထဲမှာ ဆေးဝါးတွေပိုမိုပြတ်လတ်လာဖို့ ရှိနေပါပြီ။ အခုတောင် ဆေးဆိုင်တွေမှာ အခြေခံဆေးဝါးကအစ စျေးတွေမတရားတက်နေတာပါ။ ရောဂါအလိုက်သောက်ရတဲ့ ဆေးတွေဆိုရင် ဝယ်လို့တောင်မရတော့ပါဘူး။ နာတာရှည်ရောဂါသည်တွေဆိုရင် ပိုက်ဆံရှိတာတောင် စျေးကွက်ထဲမှာဆေးမရှိလို့ အခက်အခဲတွေကြုံနေရပါတယ်။ ရပ်ကွက်ထဲက တနိုင်တပိုင်ဆေးဆိုင်လေးတွေလဲ ဆေးဝယ်မရလို့ တချို့ဆိုင်တွေပိတ်ကုန်ကျပြီ။ ဒီထက်အခြေအနေဆိုးလာမယ်ဆိုရင် အခြေခံလူတန်းစားတွေရောဂါဖြစ်ရင် ဆေးကုဖို့နေနေသာသာ ဆေးတောင်ဝယ်မသောက်နိုင်လို့ သေရမယ့်ကိန်းဆိုက်နေပါပြီ။
အောက်တိုဘာ ၀၂၊ ၂၀၂၄။ (ဗုဒ္ဓဟူး)
ကချင်ပြည်နယ်ထဲမှာလဲ KIA ကပြည်နယ်မြောက်ပိုင်းရှိ ချီဖွေနှင့်ဆော့လော် မြို့နှစ်မြို့ကို...