စစ်ကောင်စီက မြောက်ပိုင်းညီနောင်သုံးဖွဲ့ဖြစ်တဲ့ MNDAA/TLNA/AA အဖွဲ့တွေကိုအကြမ်းဖက်အဖွဲ့တွေ အဖြစ် တဖက်သတ်ကြေညာလိုက်ပါတယ်။အခုလိုကြေညာလိုက်ပေမယ့် ထိုEAOသုံးဖွဲ့အတွက်တော့ဘာထူးခြားမှုမှ ရှိသွားမှာမဟုတ်ဘူး။ဘာပဲကြေညာပါစေ စစ်ကောင်စီကို ဆက်တိုက်နေကြမှာပဲ။စစ်ကောင်စီဖက်ကတော့ အခုလိုကြေညာလိုက်တာကြောင့် ထိုအဖွဲ့တွေနဲ့ဘယ်တော့မှမဆွေးနွေးဘူးလို့ ကြေညာလိုက်တာနဲ့အတူတူပါပဲ။အရင်ကတည်းကစစ်တပ်ဟာ သူတို့အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးရိုးထုံးစံမရှိပါဘူး။ဒါဟာစစ်ပွဲတွေရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ဖိအားတွေပေးနေတဲ့တရုတ်ကိုပါ ဂရုမစိုက်ကြောင်းပြသလိုက်တာပဲ။စစ်ကောင်စီကတော့ စစ်ကိုဆက်တိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။တော်လှန်အဖွဲ့တွေကလဲ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ကြရုံပဲပေါ့။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


