မြောက်ပိုင်းနဲ့ဆန့်ကျင်စွာပဲ တောင်ပိုင်းမှာတော့အတော်လေး ငြိမ်သက်နေပါတယ်။မြောက်ပိုင်းမှာ စစ်ဆင်ရေးကြီးတွေပြန်စလာတာ ၂လကြာပြီဖြစ်ပေမယ့်တောင်ပိုင်းကတော့ သူနဲ့မဆိုင်သလိုပါပဲ။ တောင်ပိုင်းကရင်ပြည်နယ်မှာဧပြီလကတည်းက တိုက်ပွဲတွေငြိမ်သက်သွားတာ အခုဆိုရင်လေးလကျော်ရှိလာပါပြီ။မြဝတီမြို့ကိုရရှိခဲ့ပေမယ့် BGFလက်ထဲ ထိုးပေးခဲ့ရတယ်။BGFကလဲ စစ်ကောင်စီကိုပြန်လွဲပေးခဲ့တယ်။ကြားထဲကအသက်တွေရင်းပြီး တိုက်ယူခဲ့တဲ့KNUပဲနစ်နာခဲ့ရတယ်။ဖြစ်ဖြစ်မြောက်မြောက်ဘာမှမလုပ်ပြသေးပဲ KNUခေါင်းဆောင်တွေဟာလေလှိုင်းပေါ်မှာ လေလုံးထွားနေဆဲပါပဲ။ကိုယ်ကျိုးစီးပွားတွေနဲ့ စစ်ရေးနိုင်ငံရေးဆက်နွယ်နေတဲ့KNUဟာ မြဝတီတိုက်ပွဲပြီးတဲ့နောက် ဦးကျိုးသွားပြီလား။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


