မနေ့ကဒီပဲယင်းမြို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေတိုက်ခိုက်ခဲ့ရာမှာ နေ့လည်ပိုင်းလောက်မှာမြို့ကိုရရှိခဲ့တယ်။မြို့ပေါ်မှာစစ်ကောင်စီတပ် အင်အားသိပ်မရှိပါဘူး။ဒါကိုသိလို့လဲ မြို့သိမ်းတိုက်ပွဲပုံစံဆင်နွှဲခဲ့တယ်။မြို့ကိုရရှိလိုက်ပေမယ့် ချက်ချင်းဆိုသလို စစ်အုပ်စုဘက်ကလေကြောင်းပစ်ကူအဆမတန်သုံးပြီး မြေပြင်ကလဲအင်အားများစွာနဲ့ ပြန်လည်ထိုးစစ်ဆင်ခဲ့လို့ညနေပိုင်းမှာ တော်လှန်ရေးအဖွဲ့တွေကိုမြို့ပေါ်ကပြန်လည်ဆုတ်ခွာခဲ့ရတယ်။
ဒီပဲယင်းမြို့ဟာစစ်ကိုင်းတိုင်းအောက်ပိုင်းမှာတည်ရှိပြီး မြို့ပေါ်မှာလဲစစ်တပ်အင်အားသိပ်မရှိတဲ့အတွက် တော်လှန်ရေးအဖွဲ့တွေသိမ်းဖို့လွယ်ကူပေမယ့်ထိန်းဖို့ကတော့ အခက်အခဲရှိပါတယ်။ထိုမြို့ပတ်ဝန်းကျင်ဒေသတွေဟာ စစ်ကောင်စီတပ်တွေ ပတ်လည်ဝိုင်းထားတာကြောင့်ပါ။ဒါ့အပြင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာခဲယမ်းအင်အား လိုအပ်ချက်တွေရှိနေတယ်။စစ်ကိုင်းတိုင်းထဲကအဖွဲ့တွေဟာ ရှမ်းမြောက်လိုလက်နက်ခဲယမ်းအင်အား ဖောဖောသီသီမသုံးနိုင်ပါဘူး။ဒါ့ကြောင့်မြို့ကိုခဏအတွင်းမှာပဲ ပြန်လည်လက်လွတ်ခဲ့ရတယ်။ဒီလိုဖြစ်ရပ်မျိုးစစ်ကိုင်းတိုင်းကနီမြို့နဲ့ ကောလင်းမြို့မှာလဲဒီနှစ်ဆန်းပိုင်းကဖြစ်ခဲ့ဖူးတယ်။လက်ရှိအခြေအနေတွေအရ စစ်ကိုင်းတိုင်းထဲကဒေသခံတော်လှန်ရေးတပ်တွေဟာ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနိုင်နေပြီဖြစ်ပေမယ့် သိမ်းထားတဲ့မြို့ကိုစစ်ကောင်စီလက်အောက် ပြန်မကျရောက်သွားအောင်ထိန်းဖို့ကတော့ အခက်အခဲတွေရှိနေဆဲပါ။