ဒီလအစကတည်းကဒေါ်လာစျေးတွေတရိပ်ရိပ်တက်လာလိုက်တာ ဒီနေ့ဆိုရင်သမိုင်းတလျောက်အမြင့်ဆုံးစျေးကိုထပ်မံစံချိန်ချိုးလိုက်ပါတယ်။တစ်ဒေါ်လာကို၇၂၀၀ကျပ်နဲ့ ရွှေစျေးဟာလဲ တစ်ကျပ်သားကို၈၅သိန်းဖြစ်သွားပါပြီ။လဆန်းပိုင်းကတည်းက တောက်လျောက်တစ်နေ့ကို ၂၀၀ကျပ်နှုန်းလောက်နဲ့တက်လာတာပါ။၂ပတ်ဆက်တိုက်ဒေါ်လာစျေးဟာ အတက်ကြမ်းနေတော့အထွေထွေကုန်စျေးနှုန်းတွေပါ လိုက်တက်လာနေပါပြီ။ကော်ဖီမစ်ကအစ ကန်စွန်းရွက်အဆုံးစျေးတွေတက်လာခဲ့တယ်။ငွေကြေးဖောင်းပွမှုဟာကြောက်ခမန်းလိလိဖြစ်လာတယ်။အရင်အကြိမ်တွေတုန်းက ဒီလိုဖြစ်လာရင်စစ်ကောင်စီကရွှေဆိုင်ပိုင်ရှင်တွေ၊ဒေါ်လာအရောင်းအဝယ်လုပ်သူတွေကို အဖမ်းပြပြီးဖြေရှင်းပေမယ့်အခုချိန်အထိ ဘာလှုပ်ရှားမှုမှမတွေ့ရပါဘူး။စစ်ကောင်စီဟာစစ်ရေးတစ်ခုထဲနဲ့တင် မြုပ်နေပြီးစီးပွားရေးဘက်လှည့်မကြည့်နိုင်တော့ဘူး။ဒီပုံအတိုင်းသာဆက်တက်နေမယ်ဆိုရင် ဒီလကုန်မှာဒေါ်လာစျေးဟာကျပ်တစ်သောင်းလောက်အထိ ရောက်သွားနိုင်ပါတယ်။
စက်တင်ဘာ ၀၁၊ ၂၀၂၄။ (တနင်္လာ)
အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ဆေးဝါးအပါအဝင်...