ရှမ်းမြောက်မှာတော့လားရှိုးကို သိမ်းပြီးနောက်တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်တွေ နည်းနည်းအရှိန်တန့်သွားတယ်။သိမ်းစရာမြို့တွေလဲကုန်သလောက်ဖြစ်နေပြီလေ။သီပေါလောက်သာကျန်တော့တယ်။ထိုမြို့ကိုလဲTLNAကတိုက်နေတယ်။ဒါ့အပြင်နောင်ချိုတောင်ဘက်ကစစ်ကောင်စီတပ်ရဲ့ အမြောက်တပ်တစ်ခုကို ထိုးစစ်ဆင်နေတယ်။MNDAAကတော့လားရှိုးကိုသိမ်းပြီးနောက် စစ်ရေးမှာအရှိန်လျော့ထားပြီးမြို့အုပ်ချုပ်ရေးပိုင်းကို လုံးပန်းနေတယ်။
၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဟာ ပထမရည်မှန်းချက်ကိုပြည့်မီသလောက်ဖြစ်နေပီလို့ပြောလို့ရပါပြီ။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာက ဒုတိယရည်မှန်းချက်ဟာပြင်ဦးလွင်နဲ့မန္တလေးဖြစ်မလား၊ရှမ်းတောင်ဘက်ကိုဆက်သွားမလားဆိုတာပဲ။အခုဆိုရင်တော်လှန်ရေးတပ်တွေအနေနဲ့ပြင်ဦးလွင်ကို အချိန်မရွေးတိုက်လို့ရနေပြီ။ပြင်ဦးလွင်ကျရင် မန်းန္တလေးလဲအနှေးနဲ့အမြန်ပါပဲ။ဒါပေမယ့်ဒုတိယထိုးစစ်ကို ရှမ်းတောင်ဘက်ဆက်သွားနိုင်တယ်လို့လဲ သိထားတယ်။ရှမ်းတောင်ကိုစိုးမိုးနိုင်ရင်ကရင်နီပြည်နယ်နဲ့ တဆက်ထဲဖြစ်သွားမယ်။အဲ့ဒါဆိုရင်နေပြည်တော်ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်လိမ့်မယ်။ဒုတိယရည်မှန်းချက်အတွက်ထိုးစစ်ဟာ နောက်လလောက်မှဖြစ်လာမှာပါ။ဘယ်ဒေသကိုဦးတည်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပဲ။