မန္တလေးတိုင်းမြောက်ဘက်စွန်းကတကောင်းမြို့ကို NUGPDFတွေသိမ်းပိုက်လိုက်ပါတယ်။တရုတ်ပိုင်တကောင်းနီကယ်စက်ရုံကို သိမ်းထားပြီးသိပ်မကြာခင်မှာပဲမြို့ကို သိမ်းပိုက်နိုင်လိုက်တာပါ။ဒါ့ကြောင့်မန္တလေးတိုင်းမြောက်ဘက်မှာသပိတ်ကျင်းနဲ့မတ္တရာနှစ်မြို့သာ သိမ်းစရာကျန်ပါတော့တယ်။ထိုမြို့တွေကိုလဲNUGPDFတပ်တွေကပဲ ထိုးစစ်ဆင်လျက်ရှိတယ်။
ရခိုင်မှာလဲသံတွဲဲမြို့တောင်ဘက်ကကျိုက်ကလီမြို့လေးကို အေအေတပ်တော်ကရရှိလိုက်တယ်။သံတွဲမြို့ကတော့စစ်တပ်ရဲ့ရေတပ်စခန်းတစ်ခု ကျန်သေးတာကြောင့်အပြီးသတ်မသိမ်းနိုင်သေးပါဘူး။စစ်ကောင်စီဟာ ထိုရေတပ်စခန်းကိုအခြေပြုပြီးသံတွဲကို ပြန်ရဖို့ကြံစည်နေတယ်။ဒါပေမယ့်တန်ပြန်ထိုးစစ်လုပ်ဖို့နေနေသာသာ ထိုရေတပ်စခန်းမကျအောင်ပဲ အသည်းအသန်ခုခံနေရတယ်။တိုက်ပွဲတွေဟာလဲတဖြည်းဖြည်းနဲ့ရခိုင်ပြည်နယ်တောင်ဘက်စွန်းက ဂွမြို့အထိရောက်ရှိလာပါပြီ။ဂွမြို့အလွန်မှာတော့တိုက်ပွဲတွေလုံးဝဖြစ်ပွားခြင်းမရှိသေးတဲ့ စစ်ကောင်စီရဲ့အမာခံနယ်မြေ ဧရာဝတီတိုင်းကြီးတည်ရှိနေပါတယ်။