ရန်ကုန်လေဆိပ်မှာပြည်ပထွက်ခွာသူတွေကို တင်းကျပ်စွာစစ်ဆေးနေတဲ့ကိစ္စဟာအတော်ကို ဆိုးရွားနေပါတယ်။စစ်ကောင်စီကအခွန်လိုချင်တဲ့အပြင် စစ်မှုထမ်းဥပဒေကိုရှောင်တိမ်းချင်သူတွေကိုပါ ပစ်မှတ်ထားနေတာပါ။အလည်အပတ်ပတ်စပို့ကိုင်ထားတဲ့အသက်၂၃နှစ်ကနေ၃၂အတွင်းလူငယ်အားလုံးနီးပါးကို အစစ်အဆေးအမေးအမြန်းမရှိလေဆိပ်ကနေပြန်လွတ်နေပါတယ်။အလုပ်အကိုင်ပတ်စပို့နဲ့သွားမယ့်သူတွေကိုလဲ အထောက်အထားမစုံလင်ရင်ပြန်လွတ်ပါတယ်။လေဆိပ်လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေအပြင် ရဲတွေစစ်သားတွေပါအဖွဲ့စုံစစ်ဆေးနေတာပါ။သူတို့သတ်မှတ်ထားတဲ့ အထောက်အထားတွေပြနိုင်ရင်တောင်မှ ငွေသိန်းဂဏန်းအထိဆက်ကြေးသဘောမျိုးပေးနေရတယ်။သူ့တို့ရဲ့လုပ်ရပ်ကြောင့်ခရီးသည်တွေအပြင် လေကြောင်းလိုင်းတွေပါအခက်အခဲတွေအများကြီးကြုံတွေနေရတယ်။နိုင်ငံတနိုင်ငံရဲ့ဝင်ထွက်ပေါက်ဖြစ်တဲ့လေဆိပ်မှာပါ ဥပဒေမရှိပဲထင်သလိုရမ်းကားပိုက်ဆံရှာနေကြတယ်။
ပုံမှန်အတိုင်းဆိုရင်နိုင်ငံကထွက်ခွာမယ့်နိုင်ငံသားဆိုရင် ဘာမှစစ်ဆေးစရာအထောက်အထားပြစရာမလိုပါဘူး။စစ်ကောင်စီဟာလူငယ်တွေကိုနိုင်ငံတွင်းက ထွက်ခွာစေချင်ပုံမရဘူး။အပြီးတိုင်ပိတ်လိုက်မယ်ဆိုရင်လဲသူတို့အခွန်မရမှာစိုးလို့ အရေးမပါနဲ့နည်းလမ်းမျိုးစုံနဲ့ထင်သလိုတင်းကျပ်နေတာပါ။အခုလိုအခြေအနေတွေကြောင့် ပျက်စီးပြိုလဲနေတဲ့နိုင်ငံတွင်းကနေ လူငယ်တွေလွတ်လပ်စွာထွက်ခွာခွင့်မရတော့ပဲပိတ်မိနေကြတော့မယ်။နိုင်ငံထဲမှာဆက်နေရင်လဲ အလုပ်လက်မဲ့နဲ့စစ်မှုထမ်းဥပဒေရဲ့ခြိမ်းခြောက်မှုကလဲရှိသေးတယ်။ပြည်သူတွေလဲတဖြည်းဖြည်းနဲ့ ထွက်ပေါက်ပိတ်လာပါပြီ။