မန္တလေးတိုင်းထဲကမြင်းခြံ၊တောင်သာ၊နွားထိုးကြီးဒေသတွေကို ဒေသခံတော်လှန်ရေးအဖွဲ့တွေစုပေါင်းပြီး ထိုးစစ်တစ်ခုပြုလုပ်နေပါပြီ။နွားထိုးကြီးမြို့နယ်ကို အဓိကတိုက်ခိုက်နေပြီး တောင်သာမြို့နယ်မှာလဲတိုက်ပွဲတွေဖြစ်နေတယ်။မြင်းခြံမြို့နယ်ထဲမှာတော့ နယ်မြေခံစစ်ကောင်စီတပ်ရင်းက စစ်ကူမပေးနိုင်အောင်ပိတ်ဆို့ထားတယ်။တိုက်ပွဲတွေအတွင်းနွားထိုးကြီးမြို့နယ်က စစ်ကောင်စီတပ်တွေကို မောင်းထုတ်လိုက်နိုင်တယ်။စစ်အုပ်စုဘက်ကမြို့ကို လေကြောင်းကဗုံးကြဲဖျက်စီးမှာစိုးလို့ မြို့ထဲကိုမထိန်းချုပ်သေးပဲပတ်လည်ဝိုင်းထားတယ်။ထိုမြို့နယ်တွေဟာနယ်မြေအနေအထားအရ တဆက်ထဲတည်ရှိနေပြီးမန္တလေးမြို့ရဲ့အနောက်တောင်ဘက် မိုင်၇၀ခန့်သာကွာဝေးတယ်။အရင်ကထိုဒေသမှ ာတော်လှန်ရေးအဖွဲ့တွေရှိပေးမယ့် သိပ်အားမကောင်းပါဘူး။အခုလဲထိုမြို့တွေကိုလက်ရှိအင်အားနဲ့ အပြီးသိမ်းထားနိုင်ဖို့မဖြစ်နိုင်သေးပေမယ့် စိုးမိုးထိန်းချုပ်နိုင်ဖို့အရင်ကြိုးစားနေပါတယ်။အခုဆိုရင်မန္တလေးမြို့ကို မြောက်ပိုင်းကကောင်းကောင်းခြိမ်းခြောက်ထားနိုင်ပြီးပြင်ဦးလွင်ကိုသိမ်းပြီးရင် အရှေ့ဘက်ကခြိမ်းခြောက်နိုင်တော့မယ်။အခုအနောက်တောင်ဘက်မှာပါ စစ်မျက်နှာတစ်ခုထပ်ပွင့်နေပြီဆိုတော့ စစ်ကောင်စီကိုအတော်အကျပ်ရိုက်စေမှာပါ။
စက်တင်ဘာ ၀၁၊ ၂၀၂၄။ (တနင်္လာ)
အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ဆေးဝါးအပါအဝင်...