ပြည်တွင်းကစီးပွားရေးအကြပ်အတည်းတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့်လူငယ်အများအပြားဟာ ပြည်ပထွက်ပြီးရရာအလုပ်ကိုလုပ်ကိုင်နေကြရပါတယ်။ရန်ကုန်လေဆိပ်မှာဆို ပြည်ပထွက်ခွာနေတဲ့လူငယ်တွေနေ့စဉ်ဆိုသလိုတွေ့နေရတယ်။အခုတော့ထိုသူတွေကိုလဲ စစ်ကောင်စီကအလွတ်မပေးတော့ပါဘူး။ပြည်ပကိုအလုပ်လုပ်ဖို့သွားရောက်မယ့်လူငယ်တွေကို ရန်ကုန်လေဆိပ်မှာတင်းတင်းကျပ်ကျပ်စစ်ဆေးနေပါပြီ။အလည်အပတ်ပတ်စပို့နဲ့ထွက်ခွာမယ့်သူတွေကို အဓိကထားစစ်ဆေးနေတာပါ။စစ်ကောင်စီဟာပတ်စပို့ကိုပုံမှန်အားဖြင့် အလည်အပတ်ပတ်စပို့နဲ့အလုပ်အကိုင်ပတ်စပို့ဆိုပြီးခွဲခြားထားတယ်။အလည်အပတ်ပတ်စပို့နဲ့ နိုင်ငံခြားထွက်ပြီးအလုပ်လုပ်ရင်စစ်ကောင်စီက ကောက်ခံတဲ့အခွန်ကိုရှောင်လို့ရတယ်လေ။
အလုပ်အကိုင်ပတ်စပို့နဲ့အလုပ်လုပ်နေတဲ့သူတွေဆီကလဲ သူတို့လုပ်အားခကိုမတရားခေါင်းပုံဖြတ်နေပါတယ်။စစ်ကောင်စီကိုလုပ်အားခထဲက တစ်ဆယ်ရာခိုင်နှုန်းအခွန်ဆောင်ရပါတယ်။ဒါ့အပြင်ဝင်ငွေထဲက နှစ်ဆယ့်ငါးရာခိုင်နှုန်းကို စစ်ကောင်စီသတ်မှတ်ဒေါ်လာစျေး၂၁၀၀နဲ့ဖြတ်ယူပါတယ်။ပြင်ပပေါက်စျေးငါးထောင်ခန့်ဖြစ်နေချိန်မှာ ၂၁၀၀နဲ့ဖြတ်ယူတာဟာရွေ့ပြောင်းအလုပ်သမားတွေအတွက် အရမ်းကိုနစ်နာပါတယ်။ထိုကဲ့သို့စစ်ကောင်စီကိုမလွှဲရင် ပတ်စပို့ဖျက်သိမ်းအထိအရေးယူမယ်လို့ ခြိမ်းခြောက်ထားသေးတယ်။ဒေါ်လာလိုနေတဲ့စစ်ကောင်စီဟာ ပြည်ပကအလုပ်သမားတွေဆီကနေ ထိုနည်းနဲ့ဓမြတိုက်နေတာပါ။အခုတော့အခွန်ရှောင်လို့ရတဲ့ PVသမားတွေကိုပါပစ်မှတ်ထားလာပါပြီ။