မန္တလေးမြို့အရှေ့ဘက်မှာတည်ရှိတဲ့စ စ်တက္ကသိုလ်တွေတည်ရှိရာတပ်မြို့ ပြင်ဦးလွင်ကိုတော်လှန်ရေးအဖွဲ့တွေဝင်တိုက်တော့မယ်ဆိုတဲ့ သတင်းတွေပြန့်နှံနေပါတယ်။ရှမ်းမြောက်ကလားရှိုး၊ကျောက်မဲနဲ့နောင်ချိုမြို့တွေကျသွားတော့ပြင်ဦးလွင်ဟာ အကာအကွယ်မဲ့သွားပြီလေ။ဒါ့ကြောင့်ထိုမြို့ကစစ်အုပ်မိသားစုဝင်တွေနဲ့ တချို့ပြည်သူတွေမြို့ကို စတင်စွန့်ခွာနေကြပြီ။ဒီနေ့ဆိုရင်ပြင်ဦးလွင်က ထွက်ပြေးလာတဲ့သူတွေများလွန်းလို့ မန္တလေးပြင်ဦးလွင်ကားလမ်းပေါ်၁၆မိုင်တိုးဂိတ်ကနေ ၂၁မိုင်အထိအဝေးပြေးလမ်းပေါ်မှာကားတွေ တန်းစီပိတ်ဆို့နေတယ်။ထိုသူတွေဟာမန္တလေးနေပြည်တော်ရန်ကုန်အထိ စစ်ဘေးရှောင်ကြတာဖြစ်တယ်။
ပြင်ဦးလွင်မြို့ပေါ်မှာလဲ စစ်ကောင်စီကအကြီးအကျယ်ခံစစ်ပြင်နေပါတယ်။နောင်ချိုဘက်ကဝင်တဲ့လမ်းကြောင်းတွေကို အစစ်အဆေးတွေတင်းကျပ်နေပြီး တပ်အင်အားတွေလဲတိုးချထားတယ်။မြို့ပြင်ကတက္ကသိုလ်တစ်ဖြစ်တဲ့ရတနာပံုဆိုင်ဘာစီးတီးမှာလဲ ဝင်ရောက်တပ်စွဲလိုက်လို့ကျောင်းသားတွေနဲ့ဆရာတွေ နေရပ်ပြန်ကုန်ကြပြီ။ လားရှိုးတုန်းကလဲ ခံစစ်ပြင်ခဲ့ပေမယ့်တစ်လလောက်သာ တိုက်ယူလိုက်ရတယ်။တိုက်ခိုက်ရေးတပ်တွေသိပ်မရှိတဲ့ ပြင်ဦးလွင်ကို တကယ်သာတိုက်မယ်ဆိုရင် အဲ့ဒီလောက်ကြာမယ်မထင်ပါဘူး။