ပြည်တွင်းမှာစက်သုံးဆီပြတ်လတ်မှုတွေ ပြန်လည်ဖြစ်ပေါ်လာပြန်ပါပြီ။အထူးသဖြင့်မြန်မာပြည်အလယ်ပိုင်းမြို့ကြီးတွေမှာ အဆိုးဆုံးဖြစ်နေတယ်။မန္တလေးမှာဆိုရင်စက်သုံးဆီအရောင်းဆိုင်ကြီးတွေပိတ်ထားကြလို့ဖွင့်တဲ့ဆိုင်တွေ ပြည်သူတွေဆိုင်ကယ်နဲ့ကားဆီအတွက်ကြိတ်ကြိတ်တိုးတန်းစီနေရတယ်။ဆီတန်းစီတဲ့ကားနဲ့ဆိုင်ကယ်တန်းကြီးဟာ၂မိုင်လောက်ထိရှည်လျားတယ်။ထိုဆိုင်တွေမှာအချိန်အကြာကြီးတန်းမစီချင်ရင်တော့ အပြင်စက်သုံးဆီဆိုင်သေးသေးလေးတွေမှ ာပေါက်စျေးထက်၂ဆကျော်ဝယ်နေရတယ်။ထိုဆိုင်လေးတွေမှာလဲ အနည်းနဲ့အများတော့တန်းစီနေရတာပါပဲ။
မန္တလေးမှာစက်သုံးဆီပြတ်လတ်မှုဆိုးရွားစွာဖြစ်ပေါ်နေတာ တပတ်လောက်တောင်ကြာနေပါပြီ။အခြားမြို့ကြီးတွေဖြစ်တဲ့ ပြင်ဦးလွင်၊စစ်ကိုင်း၊တောင်ကြီးစတဲ့မြို့တွေမှာလဲ ထိုနည်းလည်းကောင်းပါပဲ။စစ်ကောင်စီကတော့ရေကြီးမှုတွေကြောင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေမကောင်းလို့အကြောင်းပြတယ်။တကယ်ကသူတို့ဆီမှာ ဒေါ်လာပြတ်နေပြန်ပြီလေ။ပြည်သူတွေကတော့ အလုပ်ပျက်အကိုင်ပျက်ဆီတန်းဆီနေရတယ်။