မနေ့ကလားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်က ရမခတိုင်းမှုးဟောင်းဗိုလ်ချုပ်တစ်ဦးအပါအဝင် ဗိုလ်မှုးချုပ်တွေ၊အခြားအဆင့်မြင့်အရာရှိကြီးတွေကို လက်ရဖမ်းဆီးမိခဲ့တယ်။အရင်ကရှမ်းမြောက်တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်ကဗိုလ်မှုးချုပ်အဆင့်တွေကျဆုံး ဒါမှမဟုတ် ဖမ်းဆီးရမှုတွေရှိခဲ့ပေမယ့်အခုနွေဦးတော်လှန်ရေးကာလအတွင်းမှာ ပထမဆုံးစစ်တပ်ဘက်ကဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦးကိုအရှင်ဖမ်းဆီရမိခြင်းပါပဲ။ဒါ့အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေသုံးထောင်ကျော်လက်နက်ချခဲ့ပါတယ်။သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းတွေကို ထုတ်မပြသေးပေမယ့်တောင်ပုံယာပုံရှိနေမှာတော့သေချာတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့စစ်တပ်မှာ စစ်တိုင်းကြီး၁၄ခုရှိပါတယ်။ထိုစစ်တိုင်း၁၄ခုထဲကမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာနံပါတ်သုံးနေရာမှာရှိနေတဲ့တိုင်းဌာနချုပ်တစ်ခုပါ။အရင်ကဗကပတွေ၊တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နှစ်ရှည်လများတိုက်ပွဲပေါင်းများစွာဆင်နွဲပြီး အောင်ပွဲတွေလဲအလီလီရခဲ့တယ်။ထိုကဲ့သို့အစဥ်အလာကြီးမားတဲ့စစ်တပ်ရဲ့ဌာနချုပ်တစ်ခုကို သိမ်းပိုက်နိုင်ခြင်းဟာနွေဦးတော်လှန်ရေးမှာကြီးမားတဲ့အောင်ပွဲတစ်ခုပါ။ရမခကိုသိမ်းပိုက်နိုင်ခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ကျန်စစ်ဌာနချုပ်များကို သိမ်းပိုက်ဖို့ပိုမိုလမ်းပွင့်သွားပါပြီ။
ဒီရှုံးနိမ့်မှုဟာစစ်တပ်သမိုင်းမှာ အရှက်တကွဲရှုံးနိမ့်မှုကြီးတစ်ခုလို့ပြောလို့ရတယ်။စစ်ကောင်စီဘက်မှာလဲ ကြီးမားတဲ့သက်ရောက်မှုတွေဖိအားတွေကြုံတွေ့ရမှာပါ။