Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

သြဂုတ် ၀၅၊ ၂၀၂၄။ (တနင်္လာ)

မနေ့ကလားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ကရမခတိုင်းမှုးဟောင်းဗိုလ်ချုပ်တစ်ဦးအပါအဝင်ဗိုလ်မှုးချုပ်တွေ၊အခြားအဆင့်မြင့်အရာရှိကြီးတွေကိုလက်ရဖမ်းဆီးမိခဲ့တယ်။

August 5, 2024
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

မနေ့ကလားရှိုးမြို့သိမ်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်က ရမခတိုင်းမှုးဟောင်းဗိုလ်ချုပ်တစ်ဦးအပါအဝင် ဗိုလ်မှုးချုပ်တွေ၊အခြားအဆင့်မြင့်အရာရှိကြီးတွေကို လက်ရဖမ်းဆီးမိခဲ့တယ်။အရင်ကရှမ်းမြောက်တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်ကဗိုလ်မှုးချုပ်အဆင့်တွေကျဆုံး ဒါမှမဟုတ် ဖမ်းဆီးရမှုတွေရှိခဲ့ပေမယ့်အခုနွေဦးတော်လှန်ရေးကာလအတွင်းမှာ ပထမဆုံးစစ်တပ်ဘက်ကဗိုလ်ချုပ်အဆင့်ရှိသူတစ်ဦးကိုအရှင်ဖမ်းဆီရမိခြင်းပါပဲ။ဒါ့အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေသုံးထောင်ကျော်လက်နက်ချခဲ့ပါတယ်။သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းတွေကို ထုတ်မပြသေးပေမယ့်တောင်ပုံယာပုံရှိနေမှာတော့သေချာတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့စစ်တပ်မှာ စစ်တိုင်းကြီး၁၄ခုရှိပါတယ်။ထိုစစ်တိုင်း၁၄ခုထဲကမှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဟာနံပါတ်သုံးနေရာမှာရှိနေတဲ့တိုင်းဌာနချုပ်တစ်ခုပါ။အရင်ကဗကပတွေ၊တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နှစ်ရှည်လများတိုက်ပွဲပေါင်းများစွာဆင်နွဲပြီး အောင်ပွဲတွေလဲအလီလီရခဲ့တယ်။ထိုကဲ့သို့အစဥ်အလာကြီးမားတဲ့စစ်တပ်ရဲ့ဌာနချုပ်တစ်ခုကို သိမ်းပိုက်နိုင်ခြင်းဟာနွေဦးတော်လှန်ရေးမှာကြီးမားတဲ့အောင်ပွဲတစ်ခုပါ။ရမခကိုသိမ်းပိုက်နိုင်ခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ကျန်စစ်ဌာနချုပ်များကို သိမ်းပိုက်ဖို့ပိုမိုလမ်းပွင့်သွားပါပြီ။

ဒီရှုံးနိမ့်မှုဟာစစ်တပ်သမိုင်းမှာ အရှက်တကွဲရှုံးနိမ့်မှုကြီးတစ်ခုလို့ပြောလို့ရတယ်။စစ်ကောင်စီဘက်မှာလဲ ကြီးမားတဲ့သက်ရောက်မှုတွေဖိအားတွေကြုံ​တွေ့ရမှာပါ။

 

Related Posts

မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)

May 4, 2025

စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးတာ တစ်လကျော်ကြာခဲ့ပါပြီ။ဒီတစ်လအတွင်းမှာ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့နေထိုင်မှုဘဝအခြေအနေကတော့ တိုးတက်လာခြင်းမရှိသေးပါဘူး။အိမ်ပြိုသွားပြီး...

မေ ၀၃၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၃၊ ၂၀၂၅။ (စနေ)

May 3, 2025

တရုတ်ရဲ့ဖိအားပေးမှုတွေဟာ တော်လှန်ရေးကို တဖြည်းဖြည်းနဲ့ ကျဥ်းထဲကြပ်ထဲရောက်လာနေပါပြီ။တော်လှန်ရေးက ၄...

မေ ၀၂၊ ၂၀၂၅။ (သောကြာ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၂၊ ၂၀၂၅။ (သောကြာ)

May 2, 2025

စစ်​ကောင်စီ နှင့် TNLA တို့၏ ကူမင်း​ဆွေး​နွေးပွဲသ​ဘောတူညီချက်မရ​ကြောင်း...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English