ဒီနေ့မှာတော့စစ်ကောင်စီဟာထုံးစံအတိုင်းပဲ သူတို့ရဲ့သက်တမ်းကိုနောက်ထပ်ခြောက်လထပ်တိုးလိုက်ပါတယ်။ဒီနှစ်ကုန်မှာသန်းခေါင်စာရင်းကောက်ပြီး ၂၀၂၅အကုန်မှာရွေးကောက်ပွဲလုပ်မယ်လို့လဲပြောသွားသေးတယ်။ဒီလိုတနိုင်ငံလုံးနီးပါးစစ်ရေးပြင်းထန်နေတဲ့အခြေအနေမှာ ရွေးကောက်ပွဲဆိုတာမဖြစ်နိုင်သလောက်ပဲ။အခုလိုသက်တမ်းတိုးလိုက်ခြင်းဟာ စစ်ကောင်စီထိပ်ပိုင်းမှာအပြောင်းအလဲတွေမြင်ချင်တဲ့တရုတ်ကို မထီမျက်မမြင်လုပ်လိုက်တာပဲ။ဒါ့အပြင်စစ်ကောင်စီဟာဒီနေ့မှာပြုလုပ်မယ့် ဟိုင်ဂင်ဆွေးနွေးပွဲကိုမတက်ရောက်ပဲသပိတ်မှောက်လိုက်တယ်။ဟိုင်ဂင်ဆွေးနွေးပွဲဆိုတာက တရုတ်ကဦးဆောင်ပြီးစစ်ကောင်စီနဲ့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ရှမ်းမြောက်အရေးတွေ့ဆုံကြတဲ့ပွဲပါ။ထိုပွဲကိုစစ်ကောင်စီကသပိတ်မှောက်လိုက်တော့ မြောက်ပိုင်းသုံးဖွဲ့ကအကြိုက်တွေ့တာပေါ့။
စစ်ကောင်စီနဲ့တရုတ်တို့ဟာအတော်လေးကိုအဆင်မပြေဖြစ်နေပါပြီ။သူတို့အဆင်မပြေလေ တော်လှန်ရေးအတွက်ကောင်းလေပါပဲ။၁၀၂၇စစ်ဆင်ရေးအပိုင်း၂ကတော့ ရပ်တန့်ဖို့မရှိပဲအရှိန်အဟုန်နဲ့ရှေ့ဆက်သွားဖို့ပဲရှိမယ်။