စစ်ကောင်စီဟာရှေ့တန်းစစ်မြေပြင်တွေမှာ စစ်မှုထမ်းဥပဒေနဲ့အတင်းအကျပ်စုဆောင်းထားတဲ့တပ်သားသစ်တွေကို ဖောဖောသီသီအသုံးပြုနေပါတယ်။စစ်မှုထမ်းဥပဒေကို စတင်ပြဌာန်းတုန်းကတပ်သားသစ်တွေကိုရှေ့တန်းမပို့ဘူးလို့ စစ်ကောင်စီကအာမခံခဲ့တယ်။ဒါပေမယ့်လူအင်အားလိုအပ်နေတဲ့စစ်ကောင်စီဟာ တပ်သားသစ်အတော်များများရှေ့တန်းစစ်မြေပြင်ကိုပို့လိုက်ပြီး တချို့ဆိုတိုက်ပွဲတွေမှာတောင်သေဆုံးကုန်ကြပြီ။
လတ်လောတိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်နဲ့ရှမ်းမြောက်မှာတပ်သားသစ်အများအပြားကိုတွေ့ရတယ်။ရခိုင်ပြည်နယ်သံတွဲမြို့နယ်ထဲကတိုက်ပွဲတွေမှာ အေအေကဖမ်းဆီးရမိတဲ့စစ်သုံ့ပန်းတွေထဲမှာတပ်သားသစ်အများအပြားပါဝင်လာတာကိုတွေ့ရတယ်။ရှမ်းမြောက်မှာလဲလားရှိုးနဲ့ကျောက်မဲကို စစ်ကူပို့တဲ့စစ်ကြောင်းတွေမှာတပ်သားသစ်တွေပါဝင်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ခြေမှုန်းခြင်းကိုခံဘိုက်ရတာကြောင့်တချို့သေဆုံးကုန်ကြပြီးတချို့လဲထွက်ပြေးကုန်ကြတယ်။
ဒီနှစ်ဖေဖော်ဝါရီလကပြဌာန်းခဲ့ပြီး မတ်လမှာစတင်အသက်ဝင်လာတဲ့စစ်မှုထမ်းဥပဒေကြောင့် စစ်တပ်ထဲရောက်သွားသူအရေအတွက်ဟာအခုဆိုရင် အနည်းဆုံးတစ်သောင်းကျော်ရှိလာပါပြီ။စစ်ကောင်စီရဲ့တပ်သားသစ်အဖြစ်ရွှေးချယ်ခံရရင်တော့ သေလမ်းကိုသွားနေရသလိုပါပဲ။ဒါ့ကြောင့်လူငယ်တွေအနေနဲ့ စစ်ကောင်စီရဲ့တပ်သားသစ်အဖြစ် စုဆောင်းမခံရအောင်နည်းမျိုးစုံနဲ့ရှောင်တိမ်းသင့်တယ်။