မြို့တွင်းတိုက်ပွဲတွေပြင်းထန်နေတဲ့ လားရှိုးမြို့ထဲကိုဝတပ်ဖွဲ့တွေဝင်လာပါတယ်။ဝတပ်ဖွဲ့ဆိုတာမြန်မာပြည်မှာ အကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းမှာအခြေစိုက်တယ်။နွေဦးတော်လှန်ရေးမှာ ဘယ်ဘက်မှမပါဘူးလို့ပြောထားတယ်။အခုလားရှိုးမြို့က သူ့ရဲ့ရုံးနဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့စစ်ကောင်စီနဲ့ ကိုးကန့်တပ်ကိုအကြောင်းကြားပြီးအင်အားငါးရာခန့်နဲ့ မြို့ထဲကိုဝင်ရောက်လာတာပါ။ပြီးခဲ့တဲ့ရက်တွေကလဲ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့တန့်ယန်းမြို့ထဲကို ဝတပ်ဖွဲ့တွေဝင်လာပြီးထိန်းချုပ်လိုက်သေးတယ်။
ဝတပ်ဖွဲ့တွေဟာကိုးကန့်တပ်တွေနဲ့မဟာမိတ်လို့ဆိုပေမယ့် အခုလားရှိုးမြို့ကိုဝင်ရောက်လာမှုကိုတော့ စောင့်ကြည့်ရမယ်။လားရှိုးမြို့ကိုတော့MNDAAကသူတို့အုပ်ချုပ်သွားမယ်လို့ ကြေညာထားတဲ့အတွက်ဝတပ်ဖွဲ့တွေအနေနဲ့ ဝင်ရောက်စွက်ဖက်လိမ့်မယ်လိူ့တော့မထင်ပါဘူး။ဒါပေမယ့်ဝတပ်ဖွဲ့တွေကြောင့် လားရှိုးမြို့သိမ်းစစ်ဆင်ရေးအရှိန်တန့်သွားမယ်ဆိုတော့ တော်လှန်ရေးအတွက်မကောင်းပါဘူး။နောက်ရက်တွေမြို့ပေါ်မှာ တိုက်ပွဲတွေဆက်ရှိနေမလား၊ငြိမ်သက်သွားမလားဆိုတာကိုပဲ စောင့်ကြည့်ရမယ်။