တရုတ်ကဒီလကုန်ထိအပစ်ရပ်ခိုင်းထားပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ လားရှိုးကိုMNDAAကအပြင်းအထန်ထိုးစစ်ဆင်နေပါတယ်။ဇူလိုင်၃ရက်နေ့ကစတဲ့လားရှိုးမြို့သိမ်းတိုက်ပွဲတွေဟာ အခုမြို့ရဲ့ဆင်ခြေဖုန်းရပ်ကွက်တွေထိရောက်လာပါပြီ။MNDAAဟာ လာရှိုးမြို့ကိုပတ်ပတ်လည်ပိတ်ဆို့ပြီး ထိုးစစ်ဆင်နေပါတယ်။မြို့ကိုကာကွယ်ထားတဲ့မြို့ပြင်ရှိစစ်ကောင်စီတပ်ရင်းအချို့ကိုလဲ သိမ်းပိုက်ရရှိထားတယ်။မြို့တွင်းတိုက်ပွဲတွေကတော့ နှစ်ဖက်စလုံးရှေ့တိုးလိုက်နောက်ဆုတ်လိုက်ပဲ။လားရှိုးတိုက်ပွဲဟာနှစ်ဖက်လုံးအတွက်အတွေ့အကြုံသစ်တစ်ခုဖြစ်လာတယ်။MNDAAအပါအဝင်တေယ်လှန်ရေးတပ်တွေဟာ မြို့တွေအများအပြားသိမ်းထားနိုင်ပေမယ့်လားရှိုးလိုပြည်နယ်အဆင့်မြို့တော်တစ်ခုကိုမြို့တွင်းတိုက်ပွဲမဆင်နွဲဖူးပါဘူး။အလားတူပဲစစ်ကောင်စီဘက်ကလဲ ဒီလိုမြို့ကြီးမျိုးကိုခံစစ်မဆင်ဖူးပါဘူး။တရုတ်ရဲ့ဖိအားတွေရှိနေတဲ့MNDAAကတော့ဒီလမကုန်ခင် လားရှိုးကိုအရသိမ်းဖို့ကြိုးစားပါလိမ့်မယ်။
နိုဝင်ဘာ ၂၂၊ ၂၀၂၄။ (သောကြာ)
တရုတ်လုံခြုံရေးအမည်ခံလက်နက်ကိုင်တပ်တွေ မြန်မာပြည်ထဲဝင်လာမယ့်အရေးက ပေါ့သေးသေးတော့မဟုတ်ပါဘူး။မင်းအောင်လှိုင်ကတော့ တရုတ်တပ်တွေဖြစ်စေ၊ရုရှားတပ်တွေဖြစ်စေ ဘယ်သူပဲဝင်လာလာကြည်ကြည်ဖြူဖြူလက်ခံမှာပဲ။သူ့အတွက်က...