တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။
တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။
တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ အာဏာစွန့်ဖို့တိုက်တွန်းထားသေးတယ်။ဒီလကုန်မှာသက်တမ်းခြောက်လထပ်တိုးပြီးစစ်ကောင်စီကအာဏာဆက်ယူမှာကို ခွင့်ပြုချင်ပုံမရတော့ဘူး။ဒါ့ကြောင့်ဒီလကုန်ထိမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကိုအပစ်ရပ်ခိုင်းထားတာလဲဖြစ်နိုင်တယ်။တရုတ်ရဲ့ဖိအားတွေနဲ့ရှမ်းမြောက်ကစစ်ရေးဖိအားတွေကြောင့် လာမယ့်သြဂုတ်လ၁ရက်နေ့မှာမင်းအောင်လှိုင်ဘာဆက်လုပ်မလဲဆိုတာစိတ်ဝင်စားစရာပဲ။