လတ်တလောဖြစ်ပျက်နေတဲ့ဘဏ်အကြပ်အတည်းဟာစစ်ကောင်စီငွေစက္ကူတွေအများအပြားရိုက်နှိပ်ဖြေရှင်းလိုက်လို့ပြေလည်သွားပါပြီ။ဒီတပတ်ထဲဘဏ်တွေမှာငွေထုတ်တွေလွယ်ကူသွားတယ်။ဘဏ်တွေကထုတ်ပေးနေတဲ့ငွေတွေအားလုံးဟာတစ်သောင်းတန်အသစ်တွေချည်းပါပဲ။စစ်ကောင်စီဟာငွေကြေးအကြပ်အတည်းတွေပေါ်လာတိုင်းရွေချယ်စရာနည်းလမ်းမရှိပဲငွေစက္ကူတွေကိုသာအတိုင်းအဆမရှိရိုက်ထုတ်နေပါတယ်။ထိုဖြေရှင်းနည်းဟာလတ်တလောမှာပြေလည်သွားပုံပေါ်ပေမယ့်ရေရှည်မှာတော့ငွေကြေးဖောင်းပွမှုနှုန်းကိုဆက်လက်မြင့်တက်စေပါတယ်။အချက်အလက်များအရအရပ်သားအစိုးရလက်ထက်စီးပွားရေးနှေးကွေးနေတဲ့ကိုဗစ်ကာလမှာတောင်ကျပ်ငွေ၃၀၀၀ဘီလီယံကျော်သာအသစ်ရိုက်နှိပ်ခဲ့တယ်။ဒါပေမယ့်အာဏာသိမ်းပြီးနောက်စစ်ကောင်စီဟာကျပ် ငွေဘီလီယံသုံးသောင်းကျော်ရိုက်နှိပ်ခဲ့တယ်လို့သိရတယ်။လက်ရှိအခြေအနေမှာနိုင်ငံခြားဝင်ငွေမရှိတော့ပဲစစ်စားရိတ်ထောင်းနေတဲ့စစ်ကောင်စီဟာဘဏ်အကြပ်အတည်းတွေ ပေါ်လာတိုင်းငွေတွေထပ်ပြီးရိုက်နှိပ်နေဦးမှာပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


