ရှမ်းမြောက်မှာတော်လှန်ရေးအဖွဲ့တွေခဏတာအပစ်ရပ်ထားချိန်မှာပဲမန္တလေးတိုင်း၊စဉ့်ကူးမြို့ကိုMDYPDFတပ်ဖွဲ့တွေသိမ်းပိုက်လိုက်ပါတယ်။စဉ့်ကူးမြို့ဟာမန္တလေးမြို့မြောက်ဘက်မိုင်၅၀ကျော်မှာရှိတဲ့မြို့တစ်မြို့ဖြစ်တယ်။ထိုမြို့ဟာ၁၀၂၇ရှမ်းမန်းစစ်ဆင်ရေးမှာတော်လှန်ရေးတပ်ဖွဲ့တွေဒုတိယမြောက်သိမ်းပိုက်နိုင်တဲ့မြို့တစ်မြို့ဖြစ်ပြီးမန္တလေးတိုင်းအတွင်းမှာပထမဆုံးစစ်ကောင်စီတပ်တွေကင်းစင်သွားတဲ့မြို့ဖြစ်လာတယ်။မန္တလေးတိုင်းဟာနိုင်ငံရဲ့အလယ်ဗဟိုမှာတည်ရှိတဲ့ဒေသကြီးတစ်ခုဖြစ်ပြီးတော်လှန်ရေးအဖွဲ့တွေဟာနိုင်ငံရဲ့အလယ်ပိုင်းအထိထိုးဖောက်ဝင်ရောက်လာနေတယ်ဆိုတာပြသလိုက်တာပဲ။ဒါ့အပြင်ထိုမြို့ကိုNUGလက်အောက်ကMDYPDFတွေဦးဆောင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။စစ်ကောင်စီ
ဘက်ကတော့မြို့စွန့်လွတ်လိုက်ရတဲ့အတွက်ကြောင့်လေကြောင်းကနေအဆက်မပြတ်ဗုံးကြဲဖျက်စီးနေတယ်။
စဉ့်ကူးမြို့ကိုရရှိလိုက်ပေမယ့်အရင်ကကောလင်းမြို့လိုပြန်မပေးလိုက်ရအောင်ဘေးပတ်ဝန်းကျင်ဒေသတွေကို ဆက်လက်စိုးမိုးထားနိုင်ဖို့လိုပါတယ်။မန္တလေးမြို့နဲ့နီးကပ်နေတဲ့အတွက်စစ်ကောင်စီကတော့ ပြန်လည်ရရှိဖို့ကြိုးစားမှာပဲ။လက်ရှိမှာလဲတော်လှန်ရေးတပ်ဖွဲ့တွေဟာစဉ့်ကူးမြို့ အရှေ့ဘက်ကမိုးကုတ်မြို့နဲ့တောင်ဘက်ကမတ္တရာမြို့တို့ကိုဆက်လက်ရရှိရေးထိုးစစ်ဆင်နေပါတယ်။ထိုမြို့တွေကိုသာဆက်လက်သိမ်းပိုက်နိုင်ပြီဆိုရင်တော့ စစ်ကောင်စီရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာနိင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ကြီးဖြစ်တဲ့မန္တလေးမြို့ကိုကောင်းကောင်းခြိမ်းခြောက်နိုင်တော့မှာဖြစ်တယ်။
ဒီဇင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)
ရခိုင်ပြည်နယ်၊အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုအေအေဘက်ကထုတ်ပြန်လာပါတယ်။ဓာတ်ပုံတွေထဲမှာ အေအေရဲ့ထိုးစစ်ကြောင့်နပခဌာနချုပ်အဆောက်အအုံကြီးတစ်ခုလုံး မီးလောင်ပျက်စီးနေတာကိုရှင်းလင်းစွာတွေ့မြင်ရတယ်။ထုတ်ပြန်မှုထဲမှာတိုက်ပွဲအတွင်း လက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေလဲပါတယ်။...