၁၀၂၇ စစ်ဆင်ရေးပြန်စချိန်မှာနိုင်ငံအလယ်ပိုင်းမှာလဲနည်းနည်းတော့လှုပ်ရှားလာပါပြီ။အရင်တစ်ခေါက်တုန်းကလိုမြို့သိမ်းတိုက်ပွဲတွေမဆင်နွှဲနိုင်သေးပေမယ့်တော်လှန်ရေးတပ်ဖွဲ့တွေဟာပခုက္ကူ၊မြင်းခြံ၊တောင်သာစတဲ့မြို့တွေကပျူစောထီးအခြေစိုက်ရွာတွေကိုဆက်တိုက်တိုက်ခိုက်နေပါတယ်။တချို့ပျူစောထီးစခန်းတွေကိုသိမ်းပိုက်နိုင်ပြီးတချို့ကိုတော့လက်နက်ခဲယမ်းမလုံလောက်မှုကြောင့်မသိမ်းနိုင်ခဲ့ပါဘူး။ထိုဒေသတွေဟာစစ်ကိုင်းတိုင်းလောက်တော်လှန်ရေးအဖွဲ့တွေအားမကောင်းသေးတဲ့ဒေသတွေပါ။စစ်ကိုင်းတိုင်းထဲမှာတော့စစ်ရေးလှုပ်ရှားမှုကြီးကြီးမားမား သိပ်မရှိသေးပဲငြိမ်သက်နေဆဲပါပဲ။အရင်ကပြောခဲ့သလိုပဲဒီလိုအချိန်ပြည်မမှာ မြို့တွေမသိမ်းနိုင်သေးရင်တောင်စစ်တပ်ရဲ့နယ်မြေခံထောက်တိုင်တွေဖြစ်တဲ့ ပျူစောထီးရွာတွေစခန်းတွေကိုတော့ အပြတ်ရှင်းသင့်နေပါပြီ။
ကယားခေါ်ကရင်နီပြည်နယ်မှာလဲတော်လှန်ရေးတပ်ဖွဲ့တွေထိုးစစ်တွေပြန်မစနိုင်သေးပဲစစ်ကောင်စီရဲ့ထိုးစစ်ကိုသာခုခံနေရတယ်။စစ်ကောင်စီဟာလွိုင်ကော်မြို့ကိုအင်အား၂၀၀၀ခန့်နဲ့ပြန်ရဖို့ ထိုးစစ်ဆင်နေပြီးတော်လှန်ရေးအဖွဲ့တွေခုခံနေရတယ်။အရင်ကခြေကုတ်ယူထားတဲ့မြို့ရဲ့တချို့နေရာတွေကိုတော့ လက်လွတ်ထားရတယ်။ဒါပေမယ့်လဲစစ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ အားအကောင်းဆုံးလို့ပြောလို့ရတဲ့ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ဒီလိုအချိန်မှာ တစ်ခုခုလုပ်ပြနိုင်လိမ့်မယ်လို့ယုံကြည်တယ်။
ဇန်နဝါရီ ၁၇၊ ၂၀၂၅။ (သောကြာ)
ကရင်ပြည်နယ်ကစစ်ကောင်စီလက်အောက်ခံ စောချစ်သူဦးဆောင်တဲ့နယ်ခြားစောင့်တပ်ဖွဲ့BGFကတော့ ကျားမြီးဆွဲမိနေပါပြီ။BGFတွေဟာ မြဝတီမြို့အနီးကရွှေကက္ကိုမြို့သစ်မှာ ကျားဖြန့်လုပ်ငန်းတွေအကြီးအကျယ်လုပ်ကိုင်နေကြတယ်။ပြီးခဲ့တဲ့ရက်တွေက...