တရုတ်နိုင်ငံမှာကူမြူနစ်ပါတီနှစ်ပတ်လည်ညီလာခံကျင်းပမှာဖြစ်တဲ့အတွက်ဇူလိုင်၁၈ရက်နေ့အထိ တဖက်သတ်အပစ်ရပ်မယ်လို့ရှမ်းမြောက်မှာစစ်တပ်ကိုထိုးစစ်ဆင်ေနတဲ့MNDAA နဲ့ TLNA တို့ကကြေညာလိုက်တယ်။တရုတ်ရဲ့တောင်းဆိုမှုကြောင့်အခုလိုတဖက်သတ်အပစ်ရပ်ထားတာ ဖြစ်ပြီးစစ်တပ်ဘက်ကတိုက်ခိုက်လာပါကအပြည့်အဝခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ပြောထားတယ်။
၁၀၂၇စစ်ဆင်ရေးပြန်စတာတစ်လတောင်မပြည့်သေးတဲ့အချိန်မှာတရုတ်ကကြားဝင်စွက်ဖက်လာပါပြီ။သူ့နိုင်ငံမှာညီလာခံလုပ်တာနဲ့ရှမ်းမြောက်ကတိုက်ပွဲတွေကအဝေးကြီးပါ။အရင်လို နယ်စပ်မျဉ်းပေါ်မှာဖြစ်နေတာလဲမဟုတ်ဘူးလေ။အခုလိုအပစ်ရပ်လိုက်ရတာကြောင့်လားရှိုးမြို့ကို သိမ်းဖို့ကြိုးစားနေတဲ့တော်လှန်ရေးတပ်ဖွဲ့တွေအတွက်ကြီးမားသောအဟန့်အတားတစ်ခုဖြစ်စေတယ်။ဒါပေမယ့်ထိုအပစ်ရပ်ကြေညာချက်ဟာ မန္တလေးတိုင်းထဲက စစ်ဆင်ရေးတွေမှာအကျုံးမဝင်ဘူးလို့ပြောထားတဲ့အတွက် မိုးကုတ်၊စဉ့်ကူး၊မတ္တရာစတဲ့မြို့တွေမှာတော့စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေဦးမှာပဲ။