ပြည်တွင်းပုဂ္ဂလိကဘဏ်များကို စစ်ကောင်စီက အရေးယူမှု၏ နောက်ဆက်တွဲ ဘဏ်များတွင်ငွေသားထုတ်ယူမှု အကန့်အသတ်များ ဖြစ်ပေါ်လာချိန် မြန်မာကျပ်ငွေတန်ဖိုးမှာ တဟုန်ထိုးကျဆင်းလျက်ရှိပြီး အမေရိကန်တစ်ဒေါ်လာ ၅၀၀၀ ကျပ်ထိ ရောက်ရှိလာပါတယ်။အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၁၀ ရက်နေ့ ပုဂ္ဂလိကဘဏ်ပိုင်ရှင်များကို နေပြည်တော်သို့ခေါ်တွေ့ခဲ့သေးတယ်။ ပုဂ္ဂလိက ဘဏ်များ၏ လတ်တလော စည်းကမ်းဖောက်ဖျက်မှုများသည် စစ်ကောင်စီ၏စီးပွားရေး မူဝါဒများကို ထိပါးလာကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ထိုက်သင့်အားလျော်စွာ ကြီးကြပ်ဆောင်ရွက်နေသည်ဟု ခြိမ်းခြောက်ပြောဆိုထားတယ်။ဒါ့အပြင် ရိုးမဘဏ်ဥက္ကဋ္ဌ ဦးသိမ်းဝေနှင့်ဒါရိုက်တာများကို ဆက် လက် ဖမ်းဆီးထားခြင်း၊ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေများထုတ်မရဘဲ အကန့်အသတ်ဖြင့်သာ ဆက်လက် ထုတ်ပေးနေခြင်းတို့ကြောင့် ပြည်တွင်းစီးပွားရေးကဏ္ဍတစ်ခုလုံးတွင် ဂယက်ရိုက်မှုများ ပြင်းထန်နေပြီး ထိုဂယက်များကြောင့် ဒေါ်လာတန်ဖိုး တဟုန်ထိုးတက်ကာ မြန်မာကျပ်ငွေ တန်ဖိုးဆက်တိုက် ထိုးဆင်းနေခြင်းဖြစ်တယ်။ လက်ရှိမှာတော့ ပုဂ္ဂလိကဘဏ်များအားလုံးတွင်ငွေသားထုတ်မပေးနိုင်တော့ဘဲ ဘဏ်စာရင်းတစ်ခုလျှင် ငွေကျပ် ၂ သိန်းမှ ၅ သိန်းအထိသာ ထုတ်ပေးနိုင်တော့တယ်။ ရွှေစျေးကလဲသိန်း၆၀ ကျော်သွားပြီ။ ဒီပုံအတိုင်းတစ်လလောက်သာ ဆက်သွားမယ်ဆိုရင်တော့ ဘဏ်တွေအားလုံးပြိုလဲသွားနိုင်တယ်။
ဇန်နဝါရီ ၂၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ဒီနေ့ဟာတရုတ်နှစ်ကူးနေ့ပါ။အရင်ကမြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်တရုတ်နှစ်ကူးကို ရုံးပိတ်ရက်သတ်မှတ်မပေးဘူး။အခုမင်းအောင်လှိုင်လက်ထက်ကျမှ တရုတ်ကိုအဖေခေါ်ပြီးရုံးပိတ်ရက်သတ်မှတ်လိုက်တယ်။တရုတ်နှစ်ကူးပွဲကိုတော့ ဒီနိုင်ငံမှာထူးထူးခြားခြားဘာမှမပြုလုပ်ကြပါဘူး။ရန်ကုန်ကတရုတ်တန်းတဝိုက်...