မြန်မာပြည်အလယ်ပိုင်းမှာ မြစ်ရေကြီးနေတဲ့မြို့တွေ တဖြည်းဖြည်းနဲ့များပြားလာပါတယ်။အညာဒေသ ချင်းတွင်းနဲ့ဧရာဝတီမြစ်ရေကြီးရေလျှံမှုမြို့နယ် ၂၁ ခုအထိရှိလာပြီး
ဒေသခံတွေဘေးလွတ်ရာပြောင်း ရွှေ့နေကြရသလို စိုက်ပျိုးသီးနှံ ဆုံးရှုံးမှုတွေလည်း ဆက်တိုက်ကြုံတွေ့လာနေရတယ်။
စစ်ကိုင်းတိုင်း အောက်ပိုင်းဒေသတွေမှာ မိုးခေါင်နေပြီး ပုံမှန်အားဖြင့် မိုးဖွဲဖွဲသာ ရွာလေ့ရှိပေမယ့် ချင်းတွင်းနဲ့ ဧရာ ဝတီမြစ်ဖျားပိုင်းတွေမှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့်
အခုလိုအောက်ပိုင်း ဒေသတွေထိရေကြီးရေလျှံ တာတွေ ဆက်တိုက် ဖြစ်နေတာပါ။ မြစ်ရေကြီးရေလျှံမှုကို စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်း ဒေသတွေက ကသာ၊ ထီးချိုင့်၊
သပိတ်ကျင်း၊ မန္တလေး၊ ငါန်းဇွန်၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦး၊ ခန္တီး၊ ဟုမ္မလင်း၊ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ မြောင်နဲ့
ရေစကြိုမြိုနယ်တွေကြုံတွေ့ရင်ဆိုင်နေရတာဖြစ်တယ်။ စစ်အုပ်စုရဲ့ မီးရှိဖျက်ဆီးခံမှုကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ရင်း မြစ်ကမ်းဘေး သဲသောင်ပြင်မှာ တဲထိုးနေ ထိုင်နေရတဲ့
ဒေသခံပြည်သူတွေလည်း လက်ရှိရေဘေးကြောင့် လမ်းမတွေပေါ်မှာ တဲထိုးပြီး ပြောင်းရွှေ့နေထိုင်နေ ကြရတယ်။ ပြီးခဲ့တဲ့ရက်တွေက ဧရာဝတီမြစ်ရေကြီးခဲ့ပြီး အခုချင်းတွင်းမြစ်ရေပါကြီးနေတာပါ။