ပြီးခဲ့တဲ့ရက်ပိုင်းကသမ္မတဟောင်းဦးသိန်းစိန်ကိုတရုတ်ကအခမ်းအနားတစ်ခုအတွက်ဖိတ်ကြားခဲ့ပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုမဖိတ်ပဲဦးသိန်းစိန်ကိုသာဖိတ်ကြားခဲ့တာပါ။ထိုအခမ်းအနားမှာတရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ဦးသိန်းစိန်ကိုတွေ့ဆုံပြီးစစ်ခေါင်းဆောင်မင်းအောင်လှိုင်အာဏာစွန့်ပေးရန်ဖြောင်းဖြပေးဖို့ပြောဆိုခဲ့တယ်။
ထိုသတင်းတွေအရတရုတ်ဟာမင်းအောင်လှိုင်ကိုအတော်စိတ်ကုန်နေပါပြီ။မင်းအောင်လှိုင်လက်ထက်မှာ မြန်မာပြည်ထဲကတရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေဘာမှဆက်လုပ်လို့မရတော့ဘူး။တရုတ်အနေနဲ့မင်းအောင်လှိုင်ကိုဖြုတ်ချပြီးအရင်တုန်းက ပုံရိပ်ကောင်းခဲ့တဲ့ဦးသိန်းစိန်ကိုတင်ဖို့ကြံစည်နေတာကိုတွေ့ရတယ်။ဒါပေမယ့်ဒီအချိန်ဦးသိန်းစိန်မှာဘာအာဏာပါဝါမှမရှိတော့တာကြောင့် ထိုအကြံအစည်ဟာဖြစ်လာနိုင်မယ်မထင်ဘူး။တဖက်မှာလဲမင်းအောင်လှိုင်ကိုစစ်ရေးအရဖိအားပေးဖို့အတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကိုလွတ်ပေးထားတယ်။ဘာပဲဖြစ်ဖြစ်မင်းအောင်လှိုင်အတွက်တော့ အတော်ဖိအားများနေပါပြီ။
ဇန်နဝါရီ ၂၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ဒီနေ့ဟာတရုတ်နှစ်ကူးနေ့ပါ။အရင်ကမြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်တရုတ်နှစ်ကူးကို ရုံးပိတ်ရက်သတ်မှတ်မပေးဘူး။အခုမင်းအောင်လှိုင်လက်ထက်ကျမှ တရုတ်ကိုအဖေခေါ်ပြီးရုံးပိတ်ရက်သတ်မှတ်လိုက်တယ်။တရုတ်နှစ်ကူးပွဲကိုတော့ ဒီနိုင်ငံမှာထူးထူးခြားခြားဘာမှမပြုလုပ်ကြပါဘူး။ရန်ကုန်ကတရုတ်တန်းတဝိုက်...