ရှမ်းပြည်မြောက်ပိုင်းကနောင်ချိုမြို့ကိုTLNAနဲ့ပူးပေါင်းတပ်တွေအပီးသတ်သိမ်းပိုက်လိုက်ပါပြီ။မြို့မှာနောက်ဆုံးခုခံနေတဲ့စစ်ကောင်စီရဲ့ဒုံးတပ်ရင်းဟာမြို့တောင်ဘက်၁၅မိုင်ခန့်အကွာမှာရှိတဲ့ အမြောက်တပ်တစ်ခုဆီကိုဆုတ်ခွာထွက်ပြေးသွားခဲ့တယ်။ဒါ့ကြောင့်နောင်ချိုမြို့ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂မှာ ပထမဆုံးသိမ်းပိုက်လိုက်နိုင်တဲ့မြို့ဖြစ်လာတယ်။ထိုမြို့ဟာစစ်တက္ကသိုလ် တွေတည်ရှိရာပြင်ဦးလွင်မြို့နဲ့မိုင်၃၀ခန့်သာဝေးတာကြောင့်ပြင်ဦးလွင်မြို့ကိုကောင်းကောင်းခြိမ်းခြောက်ထားနိုင်နေပါပြီ။
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာတော့ဧရာဝတီမြစ်ရေကျဆင်းသွားပါပြီ။မြစ်ရေကြီးမှုကြောင့် သေဆုံးသူ၁၀ယောက်တော့ရှိခဲ့တယ်။ဧရာဝတီမြစ်ရေဟာမြစ်ကြီးနားမြို့ပေါ်ကနေကျဆင်းသွားပေမယ့်လဲ အောက်ဖက်ရှိမြစ်ရိုးတလျောက်ကမြို့တွေကိုခြိမ်းခြောက်လာနေပါတယ်။ကချင်ပြည်နယ်အောက်ပိုင်းနဲ့စစ်ကိုင်းတိုင်းအထက်ပိုင်းကဗန်းမော်၊ရွှေကူ၊ကသာ၊ထီးချိုင့်စတဲ့မြို့တွေမှာ ဆက်လက်ရေကြီးလာနိုင်ပါတယ်။