ဇူလိုင်လ ၁ ရက်နေ့ ပုဂ္ဂလိကဘဏ် ၇ ခုနှင့်ဘဏ်ပိုင်ရှင်များကို စစ်ကောင်စီက အိမ်ရာချေးငွေများ ဗဟိုဘဏ်သတ်မှတ်ထားသည်ထက် ပို၍ ထုတ်ချေးမှုဖြင့် အရေးယူမည်ဟု
ကြေညာပြီးနောက် ထင်ထားတဲ့အတိုင်း လူတွေဘဏ်တွေမှာစုပြုံငွေထုတ်နေကြပြီ။ရန်ကုန်ရှိ ပုဂ္ဂလိကဘဏ်အများစုတွင် ငွေအပ်နှံသူ လုံး၀ မရှိတော့ဘဲ ငွေထုတ်သူများသာ စုပြုံတိုးဝှေ့နေ၍ တစ်ပတ်လျှင် ဘဏ်အကောင့်တစ်ခုအတါက် ငွေကျပ် ၁၀ သိန်းမှ အများဆုံး သိန်း ၂၀ သာထုတ်ပေးတော့တယ်။ စိတ်ကြိုက်ငွေထုတ်လို့ရပါတယ်လို့ ပြောထားတဲ့ Specialဘဏ်အကောင့်တွေတောင် တစ်ခုလျှင် တစ်နေ့ သိန်း ၂၀ သာ ငွေထုတ်ပေးတော့တယ်။ဘဏ်တိုင်းလိုလို အတူတူပါပဲ။ ဒါ့အပြင် ATM စက်တွေပါ ကန့်သတ်ကုန်ပြီ။ ATM
စက်တွေမှာလည်း သူ့ဘဏ်၊ သူ့ကတ်ပဲ ထုတ်လို့ရတော့တယ်။ ဥပမာ- ရိုးမ ATM ငွေထုတ်စက်မှာ ဧရာ၀တီ ATM ဘဏ်ကတ် ထုတ်မရတော့ဘူး။လက်ရှိမှာ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ငွေအပ်နှံသူ လုံး၀ မရှိသလောက်ဖြစ်နေပြီး ငွေထုတ်ယူကြသူများသာ များပြားနေသည့်အတွက် ဘဏ်များ အခက်တွေ့နေကြတယ်။ ထို့ပြင် ပုဂ္ဂလိကဘဏ်များတွင် မှတ်ပုံတင်ဖြင့် ငွေလွှဲမှုများကိုလည်း ကန့်သတ်နေပြီး မဖြစ်မနေလွှဲမည်ဆိုပါကလည်း ငွေကျပ် ၃ သိန်းသာ အများဆုံး အလွှဲခံတော့တယ်။ အခြေအနေက တစ်နေ့ တစ်ခြားဆိုးလာနေတယ်။
ဒီဇင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)
ရခိုင်ပြည်နယ်၊အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုအေအေဘက်ကထုတ်ပြန်လာပါတယ်။ဓာတ်ပုံတွေထဲမှာ အေအေရဲ့ထိုးစစ်ကြောင့်နပခဌာနချုပ်အဆောက်အအုံကြီးတစ်ခုလုံး မီးလောင်ပျက်စီးနေတာကိုရှင်းလင်းစွာတွေ့မြင်ရတယ်။ထုတ်ပြန်မှုထဲမှာတိုက်ပွဲအတွင်း လက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေလဲပါတယ်။...