အေအေတပ်တော်အနေနဲ့ ရခိုင်တောင်ပိုင်းမှာ သံတွဲမြို့ကိုရရှိနိုင်ဖို့ ကြိုးစားနေသလို ရခိုင်မြောက်ပိုင်းဘင်္ဂလားရှေဒ်နယ်စပ်က မောင်တောမြို့ကိုထိုးစစ်ဆင်နေပြီး
မောင်တောဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ဇူလိုင်လ ၆ရက်နေ့မှာ သိမ်းပိုက်လိုက်တယ်။ ရန်သူ့အလောင်း ၃၅၀ ကျော်၊ လက်နက်ခဲယမ်း၊
စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်း ရရှိပြီး မောင်တောမြို့ကိုလဲအပြီးသတ်သိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆင်နေပါတယ်။အကြမ်းဖက် စစ်တပ်၏ အရေးပါသော စခန်းကြီးများဖြစ်တဲ့ အနောက်ပိုင်းတိုင်း ဌာနချုပ်၊တောင်ကုတ် ဌာနချုပ်၊ စစ်တွေ ဌာနချုပ်နှင့် ဓညဝတီ ရေတပ်ဌာနချုပ်တို့ကို AAက ဖြတ်တောက်ပိတ်ဆို့ထားပြီး အချို့စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေကာ စခန်း တချို့ကိုလည်းတစ်ဝက်တစ်ပျက် သိမ်းဆည်းထားပြီးဖြစ်ကြောင်း AA ကထုတ်ပြန်ထားတယ်။ရခိုင်ပြည်နယ်မှာ အေအေဟာစစ်ဆင်ရေးကို နိုဝင်ဘာလ ၁၃ ရက် ၂၀၂၃မှာ စတင်ခဲ့တယ်။ဒါ့ကြောင့် ရခိုင်မှာ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၇ လခွဲကျော် ကြာမြင့်နေပြီးမိုးတွင်းကာလဖြစ်သည့်တိုင် တိုက်ပွဲအရှိန်လျော့ကျသွားခြင်းမျိုးမရှိ၊ ရပ်တန့်ခြင်းမရှိဘဲ တစ်ရက်ပြီး တစ်ရက် ဆက်လက်မြင့်တက်လျက်ရှိပါတယ်။ စစ်ကောင်စီဘက်မှလည်း ကြည်း၊ရေ၊ လေ တပ်များအစုံသုံးပြီး ခုခံစစ်များဖြင့် အသည်းအသန် ခုခံနေပြီး AA ကလည်း လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ တပ်စခန်းတိုင်းကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်။ ဒီပုံအတိုင်းဆို အေအေဟာ ရခိုင်ပြည်နယ်တစ်ခုလုံးကိုရရှိသညိအထိ စစ်ကောင်စီကို အဆက်မပြတ်ထိုးစစ်ဆင်သွားနိုင်တယ်။
ဒီဇင်ဘာ ၀၄၊ ၂၀၂၄။ (ဗုဒ္ဓဟူး)
ကချင်ပြည်နယ်၊ဗန်းမော်မြို့ကို KIAကဒီမနက်မှာပဲ စတင်တိုက်ခိုက်နေပါပြီ။ဗန်းမော်မြို့ဟာကချင်ပြည်နယ်မှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တယ်။နယ်မြေချင်းတဆက်ထဲတည်ရှိနေတဲ့ မံစီမြို့ကိုပါ...