ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာလဲ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ သံတွဲဒေသ တိုက်ပွဲများအတွင်းစစ်သား အလောင်း ၄၀၀ ကျော်နှင့် လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိပြီးလေဆိပ်ကို ထိန်းချုပ်ထားကြောင်း ရခိုင်တပ်တော်က ထုတ်ပြန်လိုက်တယ်။ငပလီကမ်းခြေနားမှာ စစ်ကောင်စီတပ်ရင်းနှစ်ရင်းရှိပြီး ကမ်းခြေရဲ့မြောက်ဘက်က တပ်ရင်းကို
ဇွန်လ ၂၇ ရက်နေ့ မှာ AA က သိမ်းပိုက်လိုက်တယ်။ ထိုတပ်ရင်းကို လက်လွှတ်လိုက်ရသည့်နောက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က သံတွဲ၊ လေဆိပ်အတွင်း၊လေဆိပ်အနီးအဆောက်အအုံများ၊ နာမည်ကြီးဟိုတယ်ကြီးများနှင့် သုံးထပ်တိုက် တစ်တိုက်ထဲမှခုခံစစ်များ ဆင်နွှဲခဲ့တယ်။ ထိုနေရာများကိုလဲ အေအေက ဇူလိုင်လ ၅ ရက်နေ့မှာ အပြီးသတ်
သိမ်းပိုက်နိုင်လိုက်တယ်။ ဒါ့ကြောင့် ငပလီ လေဆိပ်ကိုလည်း အေအေက ထိန်းချုပ်ထားနိုင်လိုက်ပါပြီ။ ထိုတိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား
အလောင်း ၄၀၀ ကျော်၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်။လက်ရှိအချိန်မှာငပလီကမ်းခြေရဲ့တောင်ဘက်က တစ်ခုတည်းသော လက်ကျန် တပ်ရင်းကို AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်။ဖမ်းဆီးရမိတဲ့စစ်သူပုန်တွေရဲ့ ပြောပြချက်အရ သံတွဲ ဒေသအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ရင်း (၁၀) ရင်းခန့် သံတွဲမြို့ စစ်ဆင်ရေးတွင်ပါဝင်ခဲ့ကြောင်း သိရှိရတယ်။ဒါ့အပြင် တိုက်ပွဲများ အတွင်း ဘင်္ဂလားပင်လယ်ပြင်ထက်တွင် တပ်စွဲထားသောရေတပ်စစ်သင်္ဘော ၅ စီးပါ စစ်ရေယာဉ်စု၊ပတ်ဝန်းကျင်ဒေသများမှ လက်နက်ကြီးပစ်ကူ၊လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အမြား ပစ်ကူပေးပြီး ကြည်း၊ ရေ၊ လေစုပေါင်းပြီး အသည်းအသန် ခုခံကာကွယ်နေပြီး ရခိုင်တပ်တော် အနေဖြင့် ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် သံတွဲမြို့သိမ်းတိုက်ပွဲ၏ စစ်ရေးအခြေအနေသည်အပြင်းထန်ဆုံး နှင့် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ်မြို့သိမ်းတိုက်ပွဲများအတွင်း ခက်ခဲသော မြို့သိမ်းတိုက်ပွဲလည်းဖြစ်ခဲ့ကြောင်း ရခိုင်တပ်တော်ကထုတ်ပြောထားတယ်။
ရခိုင်တပ်တော်အနေနဲ့ တိုက်ပွဲတွေအတွင်း ထွက်ပြေးလွတ်မြောက်နေသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို လိုက်လံ ချေမှုန်း တိုက်ခိုက်လျက်ရှိပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမ်းမြို့ ကိုလဲ ဝိုင်းရံ ပိတ်ဆို့ ဖြတ်တောက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်။