ဒီတစ်ခေါက်၁၀၂၇အပိုင်း၂ဟာအရင်တစ်ခေါက်လောက်အောင်မြင်မှုမရရှိသေးပါဘူး။စစ်ဆင်ရေးစလာတာ၁၀ရက်ကျော်လာတဲ့အချိန်မှာစစ်ကောင်စီစခန်းအကြီးအသေး၄၀ခန့်သိမ်းနိုင်တယ် ဆိုပေမယ့်မြို့တစ်မြို့မှမသိမ်းနိုင်သေးပါဘူး။ဒါကလဲအကျိုးအကြောင်းတော့ရှိပါတယ်။အရင်တစ်ခေါက်ကစစ်ကောင်စီတပ်တွေဟာအလစ်အငိုက်တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီးဘာမှပြင်ဆင်ချိန်မရခဲ့ဘူး။ဒါ့အပြင်စစ်ကောင်စီဟာမြောက်ပိုင်းညီနောင်သုံးဖွဲ့ကိုအထင်သေးခဲ့တယ်။ဒီကောင်တွေကျည်ကုန်ရင်ရပ်သွားမှာပါလို့ထင်ခဲ့တယ်။တကယ့်တမ်းမြို့တွေအများအပြားပါသွားတော့မှစစ်ဆင်ရေးကိုကာကွယ်ဖို့ကြိုးစားခဲ့ပေမယ့်နောက်ကျသွားခဲ့ပါပြီ။စစ်သူပုန်တွေလက်နက်ချလှိုင်းတွေတစ်ခုပီးတစ်ခုဖြစ်ပေါ်လာကာလောက်ကိုင်မြို့ကိုဆုံးရှုံးလိုက်ရပြီးမူဆယ်နဲ့လားရှိုးကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဝင်တိုက်ဖို့ ပြင်ဆင်နေချိန်မှာတရုတ်ကြောင့်အပစ်ရပ်လိုက်ရတယ်။ဒီတခေါက်မှာတော့စစ်ကောင်စီဟာ သင်ခန်းစာရသွားလို့ကောင်းကောင်းပြင်ဆင်ထားတယ်။လားရှိုးမြို့ပတ်ဝန်းကျင်ကိုလဲအင်အားအများအပြားဖြည့်တင်းထားတယ်။တော်လှန်ရေးပူးပေါင်းအဖွဲ့တွေအတွက်လဲအရင်လိုအလစ်အငိုက်မရတော့လို့ခက်ခဲနေတယ်။ဒါပေမယ့်စစ်ကောင်စီဟာစိတ်ဓာတ်ကျဆင်းနေပါပြီ။ကိုယ့်ဘက်ကသာဖိဖိစီးစီးတိုက်မယ်ဆိုရင်ဘာမဆိုဖြစ်လာနိုင်ပါတယ်။
ဇန်နဝါရီ ၂၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ဒီနေ့ဟာတရုတ်နှစ်ကူးနေ့ပါ။အရင်ကမြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်တရုတ်နှစ်ကူးကို ရုံးပိတ်ရက်သတ်မှတ်မပေးဘူး။အခုမင်းအောင်လှိုင်လက်ထက်ကျမှ တရုတ်ကိုအဖေခေါ်ပြီးရုံးပိတ်ရက်သတ်မှတ်လိုက်တယ်။တရုတ်နှစ်ကူးပွဲကိုတော့ ဒီနိုင်ငံမှာထူးထူးခြားခြားဘာမှမပြုလုပ်ကြပါဘူး။ရန်ကုန်ကတရုတ်တန်းတဝိုက်...