တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာသောတိုက်ပွဲများကြောင့် လားရှိုးမြို့ခံများမှာ မြို့မှထွက်ခွာရန်ကြိုးပမ်းနေပြီး လားရှိုး- မန္တလေးလမ်းပိုင်းမှတစ်ဆင့် အိမ်စီးကားအများအပြားဖြင့် ထွက်ခွာနေကြတယ်။ ဒါပေမယ့် မြို့မှာပဲနေတဲ့သူတွေလည်းအများကြီးရှိသေးတယ်။ မဖြစ်နိုင်တော့လို့ ထွက်မယ့်လူတွေလည်း စထွက်နေကြပြီ။လမ်းခရီးကတော့ သိပ်စိတ်မချရဘူးပေါ့။ ထွက်ခွာသူတွေများလွန်းလို့ လားရှိုး-မန္တလေးလမ်းပိုင်း ပြည်ထောင်စုလမ်းမမှ ကျောက်မဲ-သီပေါ-နောင်ချို-ပြင်ဦးလွင်ကြားတွင်ကားစီးရေရာချီပိတ်နေတယ်။လမ်းပိုင်းနေရာအချို့မှာ စစ်ကောင်စီက လမ်းများဖြတ်တောက်ဖျက်ဆီးထားလို့ ရှောင်ကွင်းလမ်းများမှ သွားလာနေကြရတယ်။အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ပတ်ဝန်းကျင်မှ စစ်ကောင်စီစခန်းများကို ဇူလိုင်၃ ရက်မှစ၍ တော်လှန်ရေးအင်အားစုများက တိုက်ခိုက်နေကြပြီး ယနေ့အထိတိုက်ပွဲပြင်းထန်နေတယ်။ တိုက်ပွဲတွေအတွင်း မနေ့ကအထိ လားရှိုးမှာအရပ်သား၁၄ဦးထက်မနည်း သေဆုံးထားတယ်။ MNDAAကစစ်ကောင်စီစခန်းအချို့ကိုတိုက်ခိုက်သိမ်းပိုက်ထားကြောင်းသတင်းများထွက်ပေါ်နေသော်လည်း တရားဝင်သတင်းမထုတ်ပြန်သေးပါဘူး။
ဇန်နဝါရီ ၂၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ဒီနေ့ဟာတရုတ်နှစ်ကူးနေ့ပါ။အရင်ကမြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်တရုတ်နှစ်ကူးကို ရုံးပိတ်ရက်သတ်မှတ်မပေးဘူး။အခုမင်းအောင်လှိုင်လက်ထက်ကျမှ တရုတ်ကိုအဖေခေါ်ပြီးရုံးပိတ်ရက်သတ်မှတ်လိုက်တယ်။တရုတ်နှစ်ကူးပွဲကိုတော့ ဒီနိုင်ငံမှာထူးထူးခြားခြားဘာမှမပြုလုပ်ကြပါဘူး။ရန်ကုန်ကတရုတ်တန်းတဝိုက်...