မန္တလေးတိုင်း၊မတ္တရာမြို့က လေကြောင်းရန်ကာကွယ်ရေးတပ်ကို သိမိးပိုက်လိုက်ပြီလို့MDYPDFကသတင်းထုတ်ပြန်လိုက်တယ်။ထိုတပ်မှလက်နက်ခဲယမ်းရာကျော်အပြင်စစ်သုံ့ပန်းရာကျော်ကိုလည်းရရှိလိုက်တယ်။ါဟာစစ်တပ်ရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်တစ်ခုကိုပထမဆုံးသိမ်းမိတာဖြစ်ပြီးလေယာဉ်ပစ်လက်နက်တွေပါရရှိဖို့ကျိန်းသေပါတယ်။ထုတ်ပြန်ထားတဲ့ပုံတွေအရ လေယာဥ်ပစ်စက်သေနတ်ကြီးတွေကိုရရှိလိုက်ပြီး ပုခုံးထမ်းဒုံးကျည်တွေလဲပါဝင်လာနိုင်တယ်။ထိုလက်နက်မျိုးတွေသိမ်းပိုက်ရရှိလိုက်တာဟာတော်လှန်ရေးအတွက်အတော်အကျိုးများလိမ့်မယ်။သိပ်မကြာမီမှာပဲထိုဒေသမှာစစ်ကောင်စီရဲ့ငှက်ကင်သတင်းတွေကြားရလိမ့်မယ်ထင်တယ်။ထိုတပ်ကဖမ်းဆီးရမိတဲ့စစ်သူပုန်တွေကိုတော့ခွင့်မလွတ်သင့်ဘူး။ထိုတပ်ဟာမတ္တရာနယ်ကပြည်သူတွေကိုအစုလိုက်အပြုံလိုက်လူသတ်မှုတွေကျူးလွန်ထားတဲ့တပ်ဖြစ်တယ်။ဒါ့ကြောင့်ဖမ်းဆီးရမိတဲ့စစ်သူပုန်ကြီး/ငယ်မဆိုထိုက်သင့်တဲ့ပစ်ဒဏ်ပေးသင့်တယ်။သူတို့အတွက်အသင့်တော်ဆုံးပစ်ဒဏ်ကတော့သေဒဏ်ပဲ။
ဇန်နဝါရီ ၂၉၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ဒီနေ့ဟာတရုတ်နှစ်ကူးနေ့ပါ။အရင်ကမြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်တရုတ်နှစ်ကူးကို ရုံးပိတ်ရက်သတ်မှတ်မပေးဘူး။အခုမင်းအောင်လှိုင်လက်ထက်ကျမှ တရုတ်ကိုအဖေခေါ်ပြီးရုံးပိတ်ရက်သတ်မှတ်လိုက်တယ်။တရုတ်နှစ်ကူးပွဲကိုတော့ ဒီနိုင်ငံမှာထူးထူးခြားခြားဘာမှမပြုလုပ်ကြပါဘူး။ရန်ကုန်ကတရုတ်တန်းတဝိုက်...