၁၀၂၇ရှမ်းမန်းစစ်ဆင်ရေးဟာမန္တလေးတိုင်းမြောက်ပိုင်းစဉ့်ကူးမြို့အထိပြန့်နှံလာပါတယ်။မန္တလေးမြို့မြောက်ဘက်မိုင်၂၀အကွာမှာမတ္တရာမြို့ရှိပြီးစဉ့်ကူးမြို့ဟာမတ္တရာမြို့မြောက်ဘက်၂၇မိုင်အကွာမှာတည်ရှိတယ်။လက်ရှိအချိန်မှာစဉ့်ကူးမြို့ကိုဝင်မတိုက်သေးပဲစဉ့်ကူးနယ်၊မန္တလေး မိုးကုတ်လမ်းတလျောက်ကရွာတွေမှာMDYPDFတပ်တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေပြင်းထန်နေပါတယ်။ထိုဒေသကနယ်မြေခံ စစ်ကောင်စီတပ်စခန်းတွေဆက်တိုက်အတိုက်ခံနေရတယ်။စစ်ကူလမ်းကြောင်းတွေလဲပိတ်နေတာကြောင့်စစ်ကောင်စီကလေကြောင်းကိုအားပြုခုခံနေပါတယ်။တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်တွေကတော့တောင်ဘက်မန္တလေးကိုလဲဆင်းမရ၊မြောက်ဘက်ကိုလဲတက်မရနဲ့ပိတ်မိနေတာပေါ့။ဒီပုံစံအတိုင်းဆိုရင်တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ စစ်မျှားဦးဟာမန္တလေးမြို့ကိုမဆင်းခင်မန္တလေးတိုင်းမြောက်ဖက်ကဒေသတွေကိုစိုးမိုးနိုင်ဖို့အရင် ကြိုးပမ်းဦးမယ်ထင်တယ်။မန္တလေးတိုင်းမြောက်ဖက်တလွှားကိုသိမ်းပိုက်နိုင်ရင်လဲစစ်ကိိုငးတိုင်းနဲ့ရှမ်းမြောက်ကို ချိတ်ဆက်ပေးနိုင်တာကြောင့်စစ်ရေးအကျိုးအမြတ်အများအပြားရှိနေပါတယ်။
ဒီဇင်ဘာ ၀၄၊ ၂၀၂၄။ (ဗုဒ္ဓဟူး)
ကချင်ပြည်နယ်၊ဗန်းမော်မြို့ကို KIAကဒီမနက်မှာပဲ စတင်တိုက်ခိုက်နေပါပြီ။ဗန်းမော်မြို့ဟာကချင်ပြည်နယ်မှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တယ်။နယ်မြေချင်းတဆက်ထဲတည်ရှိနေတဲ့ မံစီမြို့ကိုပါ...