ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်းသို့ မြစ်ရေဝင်ရောက်နေရာ ထောင်နှင့်ချီသောဒေခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရတယ်။
ဧရာဝတီမြစ်ကမ်းဘေး ရပ်ကွက်အများစုရှိ နေအိမ်များထဲ ရေဝင်ရောက်လာသည့်အတွက်တနေ့က ညပိုင်းမှစတင်ကာ ဒေသခံများ စတင်တိမ်းရှောင်နေကြတယ်။
မနေ့ကနံနက်ပိုင်းမှာတော့ မြစ်ကြီးနားတစ်မြို့လုံးနီးပါး မြစ်ရေဝင်ရောက်လာလို့ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အားလုံးနီးပါး ရေဘေးကို စပြီးကြုံနေရပြီ။ ရေဘေးကြောင့်
မြို့ပေါ်ရှိ စာသင်ကျောင်း၊ ဈေးများ အားလုံးပိတ်ထားရတယ်။ဒေသခံတွေလဲရေဘေးလွတ်သည့် ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းစသည့်နေရာများတွင် ခိုလှုံနေကြရတယ်။
မြစ်ကြီးနားမြို့အခြေစိုက် ကြက်ခြေနီအဖွဲ့၊ မီသတ်တပ်ဖွဲ့နှင့် ခရစ်ယာန်အသင်းတော်များလူမှုကူညီရေးအသင်းတချို့ ကယ်ဆယ်ရေးလုပ်နေပေမယ့်စက်လှေ မလုံလောက်မှုကြုံနေရသလို အချို့စက်လှေများမှာလည်း စက်သုံးဆီမရှိသည့်အတွက် အသုံးပြုရ ခက်ခဲနေတယ်။ စစ်ကောင်စီကတော့သူတို့နဲမဆိုင်သလိုပဲ ဘာကယ်ဆယ်ရေးမှလုပ်တာမတွေ့ရပါဘူး။မြစ်ကြီးနားမြို့တွင် မိုးရွာသွန်းဆဲဖြစ်တာကြောင့် မြစ်ရေမြင့်တက်လာမှု ပိုမိုဆိုးရွားလာနိုင်တယ်။