ဒီတခေါက်တော့ဘဏ်လုပ်ငန်းရှင်တွေအလှည့်ပါ။အိမ်ရာချေးငွေများကို ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ကျော်လွန် ထုတ်ချေးထားတယ်ဆိုပြီးစစ်ကောင်စီက
ဘဏ်၇ ခုကိုအရေးယူမယ်လို့ကြေညာလိုက်ပြန်ပါပြီ။ ထိုဘဏ်တွေထဲမှာ မြန်မာပြည်သူများ အသုံးများသော ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ် စတဲ့ဘဏ်ကြီးတွေပါဝင်နေတယ်။အခုလို ဆိုင်းမဆင့်ဗုံမဆင့်ဘဏ်တွေကို အရေးယူရတဲ့ စစ်ကောင်စီရဲ့ရည်ရွယ်ချက်ကိုသိပ်တော့နားမလည်ဘူး။ ကျိန်းသေတာကတော့ဘဏ်အပ်ငွေတွေကိုပြည်သူတွေအလုအယက်ပြန်ထုတ်ကြလိမ့်မယ်။ပြီးခဲ့တဲ့ဆန်ကိစ္စမှာပဲ နာမည်ကြီးစူပါမားကတ်ကြီးတွေဖြစ်ကြတဲ့ စီးတီးမတ်၊စိန်ဂေဟာ၊Orange၊Areon တို့ရဲ့CEOတွေကို ဆန်ကိုသတ်မှတ်စျေးနဲ့မရောင်းလို့ဆိုပြီးဖမ်းဝရမ်းထုတ်ထားတယ်။ ဝရမ်းထုတ်ခံရတဲ့သူတွေထဲမှာ Areonကဂျပန်နိုင်ငံသားCEOတစ်ယောက်လဲပါဝင်နေတယ်။ထိုကိစ္စကိုဂျပန်သံရုံးကဖြေရှင်းချက်တောင်းထားတယ်။တိုင်းပြည်စီးပွားရေးထိုးကျနေချိန်မှာစစ်ကောင်စီဟာဘာလို့ဒီလိုတွေလုပ်နေလဲဆိုတာနားမလည်နိုင်တော့ဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


