မန္တလေးတိုင်းထဲက ၁၀၂၇စစ်ဆင်ရေးမှာ ကမ္ဘာကျော်ပတ္တမြားထွက်ရှိရာ မိုးကုတ်မြို့အနောက်ပိုင်းမှ စစ်ကောင်စီစခန်းများကို TNLA၊PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်နိုင်လိုက်ပါပြီ။ မိုးကုတ်မြို့ဟာ မြေမျက်နှာသွင်ပြင်အရ အရှေ့ပိုင်းနဲ့အနောက်ပိုင်းကွဲနေပြီး တော်လှန်ရေး အဖွဲ့တွေက မြို့အနောက်ပိုင်းကို ဒီနေ့နေ့လယ်ပိုင်းတွင် စတင်ထိန်းချုပ်နိုင်ခြင်းဖြစ်ပြီး ညနေပိုင်းတွင် ပစ်ခတ်သံများ တိတ်ဆိတ်သွားပြီ။ ဒါပေမယ့် ည ၇ နာရီကျော်မှစ၍ စစ်ကောင်စီက လေကြောင်းမှ မြို့အရှေ့ဘက်ရော၊ အနောက်ဘက်ကိုရော ပစ်နေတယ်။ မိုးကုတ်မြို့တွင် ဇွန်လ ၂၄ ရက်ညက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မြို့ပေါ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသဖြင့် ဇွန် ၃၀ နံနက်အစောပိုင်းတွင် ဒေသခံများက ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် ကြိုးစားနေပေမယ့် စစ်ကောင်စီက တားဆီးထားတယ်။ မြို့ပေါ်တိုက်ပွဲ ပြင်းထန်နေချိန် ဒေသခံများအနေဖြင့် နေအိမ်ထဲများတွင်သာနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေး ထားတယ်။ မိုးကုတ်တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုများရှိနေပြီး အသေးစိတ်တော့ မသိရှိရ သေးပါဘူး။