စစ်ကောင်စီရဲ့ ဆန်လုပ်ငန်းရှင်တွေကို ဖမ်းဆီးနေတဲ့ဂယက်ကမပြီးသေးပါဘူး။ မထင်ရင်မထင်တဲ့ သူတွေကို ဖမ်းဆီးနေပြီးနယ်က ဆန်စက်တချို့လဲ ချိတ်ပိတ်ခံလိုက်ရတယ်။ဒီထက်ပို ဆိုးတာက ဆန်ကို ရည်ညွှန်းစျေးနဲ့ ရောင်းဖို့စစ်ကောင်စီက စျေးသတ်မှတ်လိုက်တယ်။ သူတို့သတ်မှတ်လိုက်တဲ့စျေးက အပြင်ပေါက်စျေးထပ်ကျပ် ၃၀၀၀၀ ကနေ ၈၀၀၀၀အထိ ကွာဟနေတယ်။ လတ်တလောအကျိုးဆက် အနေနဲ့ကတော့ ဆန်နဲ့ဆီကို စူပါမားကတ်ကြီးတွေက တင်မရောင်းတော့ပဲ ဖြုတ်ချကုန်တော့တာပဲ။ City Mart ၊ Capital စတဲ့စူပါမားကတ်ကြီးတွေက ဆန်၊ဆီကောင်တာတွေမှာ ပစ္စည်းတွေမရှိတော့ပဲ အလွတ်တွေ ဖြစ်ကုန်ကြပြီ။ စစ်ကောင်စီကတော့ တစ်အိမ်ထောင်ကို ဆန်တအိတ်နှုန်း သူတို့သတ်မှတ် ထားတဲ့ စျေးနဲ့ရောင်းပေးမယ်တဲ့။ အဲ့ဒါလဲဘယ်လောက်ခံမှာလဲ။ ဆီတုန်းကလဲ အစကတော့သူတို့စျေးနဲ့ တစ်ပိသာရောင်းပေးတာပဲ။ အခုတော့ငါးဆယ်သားတောင် မရချင်တော့ဘူး။ စစ်ကောင်စီဟာ နိုင်ငံရဲ့ အခြေခံစားကုန်ဖြစ်တဲ့ ဆန်ကိုပြည်တွင်းမှာ အတင်းအကြပ်လိုက်လံ ကြပ်မတ်နေပေမယ့် ပြည်ပတင်ပို့မှု ကိုတော့မလျော့ပါဘူး။ ဒီနှစ်မှာလဲ ဆန်တန်ချိန်နှစ်သန်းအထိ တင်ပို့ဖို့လျာထားတယ်တဲ့။ စပါးစိုက်တဲ့ ဒေသတစ်ဝက်လောက်လဲ စစ်တလင်းဖြစ်နေပြီ။ ဒီလိုအချိန်မှာ ဒေါ်လာကို အသဲအသန်လိုနေတဲ့ စစ်ကောင်စီဟာဆန်ကိုပြည်ပတင်ပို့ဖို့ပဲ ကြိုးစားနေမယ်ဆိုရင် ပြည်သူတွေကတော့ ငတ်သေဖို့ပဲ ရှိတော့ တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


