၁၀၂၇စစ်ဆင်ရေးရဲ့ အဆက်ဒုတိယနေ့မှာတော့ TLNAတပ်တွေကျောက်မဲနဲ့ နောင်ချိုမြို့ပေါ်ထိ ဝင်ရောက် နေရာယူထားပြီး စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ဌာနဆိုင်ရာရုံးတွေကို သိမ်းပိုက်ထားတယ်။ ဒါပေမယ့်မြို့ကို အလုံးစုံထိန်းချုပ်နိုင်တာ မဟုတ်သေးပဲမြို့ပြင်မှာတော့ စစ်ကောင်စီတပ်ရင်း တစ်ချို့ ကျန်နေသေးတယ်။ ထိုတပ်ရင်းတွေကိုလဲ ဆက်လက်တိုက်ခိုက်နေတယ်။ဒီနေ့မှာတော့ စစ်ဇုန်ဟာ မန္တလေးမြို့မြောက်ဘက်က မတ္တရာမြို့အထိရောက်ရှိလာတယ်။ ထိုမြို့နားမှာ ရှိတဲ့စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ အခြားတပ်စခန်းတွေကို NUG လက်အောက်က MDL PDF တပ်တွေ ဦးဆောင်ပြီး တိုက်ခိုက်နေတယ်။ အခုလောလောဆယ်တော့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း၂ မှာ TNLA နဲ့ မန္တလေး PDF တပ်တွေ ဦးဆောင်တိုက်ခိုက်နေပြီး MNDAA တပ်တွေတော့ ပါဝင်မလာသေးပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


