ဒီနေ့တော့ တော်လှန်ရေးရဲ့ ဒုတိယအလှည့်အပြောင်းတစ်ခုဖြစ်ပြီထင်တယ်။ ၁၀၂၇စစ်ဆင်ရေး အပိုင်း၂ စပြီလေ။ ရှမ်းမြောက်ဒေသမှာ မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့ ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အဆက်အဖြစ် ဒီမနက်ပိုင်း TLNA က နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်တွေကို စတိုက်နေပါပြီ။ ၁၀၂၇ စစ်ဆင်ရေးကို ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာမှာ စတင်ခဲ့ပြီး စစ်အုပ်စု အထိနာနေချိန် တရုတ်က ကြားဝင်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဟိုင်ဂင် အပစ်ရပ် သဘောတူညီချက် လက်မှတ်ရေးထိုးပြီး စစ်ဆင်ရေး ရပ်နားခဲ့တယ်။ ထိုအပစ်ရပ် သဘောတူညီချက် လက်မှတ်ထိုးပြီး ငါးလကျော်အကြာ ဒီနေ့မှာ ရှမ်းမြောက်က နောင်ချို၊ ကျောက်မဲနဲ့ မိုးကုတ်ဒေသထဲ စစ်အုပ်စုနဲ့ TNLA တပ်တွေ တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာတာပါ။ ဒီနေ့မနက်၅နာရီလောက်ကတည်းက ထိုမြို့တွေမှာလက်နက်ကြီး လက်နက်ငယ်သံတွေ အဆက်မပြတ် ကြားနေရတယ်။ ဒီတခေါက်တော့ တိုက်ပွဲဇုန်ထဲမှာ မန္တလေးနဲ့ရှမ်းအစပ်က မိုးကုတ်မြို့ပါ ပါဝင်လာတယ်။ ရှမ်းမြောက်မှာ ဒီလအစထဲက စစ်ရေးတင်းမာမှုတွေရှိခဲ့ရာက အခုတော့တိုက်ပွဲကြီးတွေပြန်လည်ဖြစ်ပေါ်လာပါပြီ။
စက်တင်ဘာ ၂၃၊ ၂၀၂၄။ (တနင်္လာ)
တရုတ်ကြားခံငြိမ်းချမ်းရေးဆွေးနွေးပေးရန် MNDAAတောင်းဆိုပြီး ၃ရက်အကြာ စစ်ကောင်စီက လားရှိုးမြို့ကို...