ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ပစ်သတ်ခံရမှုကို စစ်ကောင်စီက သူတို့လုပ်ခဲ့တာလို့ ဝန်ခံလိုက်ပါပြီ။ ထိုဖြစ်ရပ်မှာ ပါဝင်နေတဲ့ဆရာတော်တပါးက လူမှုကွန်ယက်မှာအဖြစ်မှန်ကို ရှင်းလင်းမိန့်ကြားသွားတာကြောင့် စစ်ကောင်စီအတွက်ငြင်းမရပဲဝန်ခံလိုက်ရတယ်။ ထိုဆရာတော် ပြောသွားတာကတော့ ရှင်းပါတယ်။ ထိုနေ့က ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဟာ ဆွမ်းစားချိန် မမှီမှာ စိုးတဲ့အတွက် ကားကိုအရှိန်နဲ့ မောင်းမိတယ်။ စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်မှာလဲ ရပ်တန့်မပေးခဲ့ဘူး။ ဒါကိုစစ်သားတွေက ဆရာတော်ကားနောက်ကနေ စစ်ကားတစ်စီးနဲ့ လိုက်လံပစ်ခတ်ခဲ့တာဖြစ်တယ်။ အဖြစ်မှန်ကို ရှင်းလင်းမိန့်ကြားခဲ့တဲ့ဆရာတော်လဲ ဦးခေါင်းမှာဒဏ်ရာရရှိခဲ့တယ်။ ဒါပေမယ့် စစ်သားတွေက ဆေးကုမပေးပဲ မျိုးစုံစစ်ဆေးခဲ့တယ်။ သူတို့လိုချင်တဲ့ အဖြေမရရအောင် စစ်ဆေးခဲ့တယ်။ နေ့လည်ကဖြစ်တဲ့ဒဏ်ရာကို ညနေစောင်းမှ ဆေးကုပေးခဲ့တယ်။ ထိုဆရာတော်ရဲ့ ရှင်းလင်းမိန့်ကြားမှုကြောင့် စစ်တပ်ရဲ့လူမဆန်တဲ့ လုပ်ရပ်တစ်ခုကို ကွက်ကွက်ကွင်းကွင်း သိရှိသွားစေတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး နိုင်ငံတော်သံဃမဟာနယက အဖွဲ့ကြီးထံက ဘာသံမှထွက်မလာခဲ့ဘူး။ သာသနာအတွက် အားထားရတဲ့ ဆရာတော်ကြီးတစ်ပါးစစ်ကောင်စီကြောင့် ဆုံးရှုံးလိုက်ရတာတောင် အမှန်တရားအတွက် ရပ်တည်မပေးနိုင်ကြဘူး။ သံဃအဖွဲ့အစည်းကြီးကိုယ်တိုင်က တရားမျှတမှုအတွက် နုတ်ဆိတ်နေကြ လေရဲ့။
ဒီဇင်ဘာ ၂၁၊ ၂၀၂၄။ (စနေ)
ချင်းပြည်နယ်မှာလဲမင်းတပ်မြို့ကို တစ်လကျော်ကြာတိုက်ခိုက်ပြီးနောက်ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်ပါပြီ။မင်းတပ်မြို့သိမ်းတိုက်ပွဲမှာလဲလက်နက်ကြီးတွေအပါအဝင် လက်နက်အများအပြားနဲ့စစ်သူပုန်ရာချီပြီးဖမ်းဆီးရမိခဲ့တယ်။မှတ်တမ်းဓာတ်ပုံတွေအရ ချင်းပြည်နယ်ထဲကတိုက်ပွဲတွေမှာ...