ချင်းတော်လှန်ရေးအဖွဲ့ အချင်းချင်းတိုက်ပွဲတွေမှာ နှစ်ဖက်ကျဆုံးမှုတွေရှိလာပြီ။ အမြန်ဆုံးညှိကြရင် ကောင်းမယ်။ တနိုင်ငံလုံးက အခြားတော်လှန်ရေးအဖွဲ့တွေ ကြားထဲမှာလဲ အချင်းချင်းမကြေလည်မှု တွေရှိနေပေမယ့် အခုလိုလူသိရှင်ကြားကျဆုံးမှုတွေဖြစ်တဲ့အထိ ထိတွေ့မှုတွေမဖြစ်ကြဘူး။ အခု ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်လဲ သိက္ခါကျတယ်။ ဒီစစ်ပွဲကအနိုင်အရှုံးမရှိတဲ့ စစ်ပွဲတစ်ခု ပဲလေ။ မပြေလည်သ၍ ကိုယ့်ဘက်ကပဲ နစ်နာဆုံးရှုံးမှုတွေ ကြီးမားလာလိမ့်မယ်။ချင်းညီနောင် အဖွဲ့ကတော့ အပစ်ရပ်နိုင်ဖို့ဆိုတာ ချင်းကောင်စီဘက်က ထိုးစစ်တွေစပြီး ရပ်တန့်မှ ဖြစ်မယ်လို့ ပြောထားတယ်။ ချင်းကောင်စီဘက်ကတော့ သူတို့အဖွဲ့ချင်းပြည်နယ်ရဲ့ မူလရှိရင်းစွဲ တော်လှန်ရေးအဖွဲ့ ဖြစ်ပြီး တဖက်ကချင်းညီနောင်အဖွဲ့မှာရခိုင်က အေအေတပ်တော်ပါဝင် ပတ်သတ်နေတာကိုမကြိုက်ဘူး။ ချင်းညီနောင်အဖွဲ့ဟာလဲ တောင်လှန်ရေးအတွက် အကူအညီရနိုင်တဲ့အဖွဲ့တွေဆီကယူရမှာပဲ လို့ သဘောထားတယ်။ ထိုနှစ်ဖွဲ့အဆင်ပြေဖို့ ကြားခံအဖွဲ့အစည်းတစ်ခုဝင်ညှိပေးဖို့ လိုတယ်လို့ ထုတ်ပြောထားကြပေမယ့် အခုချိန်ထိတော့ဘယ်အဖွဲ့မှ ကြားဝင်ဖြေရှင်းပေးခြင်း မရှိသေးပါဘူး။
ဒီဇင်ဘာ ၂၉၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီဇင်ဘာ ၂၉၊ ၂၀၂၄။ (တနင်္ဂနွေ) ရန်ကုန်မှာပေါ်တာဆွဲမှုတွေဟာ...