ဟိုတစ်နေ့ကတင် ချင်းပြည်နယ်အကြောင်းပြောလို့မဆုံးခင်မှာပဲ ချင်းပြည်နယ်မှာ တော်လှန်ရေး အဖွဲ့ နှစ်ဖွဲ့ အချင်းချင်းတိုက်ခိုက်နေကြပါပြီ။ တော်လှန်ရေးကာလတစ်ခုကြာလာပြီးနောက် ချင်းပြည်နယ်မှာ အဖွဲ့ကြီးနှစ်ခုကွဲလာတယ်။ ချင်းပြည်နယ်မှာအရင်ကရှိပြီးသားEAOဖြစ်တဲ့ CNAဦးဆောင်တဲ့ ချင်းပြည်နယ် ကောင်စီအဖွဲ့နှင့် ရခိုင်ကအေအေတပ်တော်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ချင်းညီနောင်အဖွဲ့တို့ ဖြစ်တယ်။ ချင်းကောင်စီအဖွဲ့ဟာ ချင်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက်ပြီး ချင်းညီနောင်အဖွဲ့ကတော့ ချင်းတောင်ပိုင်းမှာ အခြေစိုက်တယ်။ ထိုနှစ်ဖွဲ့ဟာအစမှာတော့ ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို ဦးတည် တိုက်ခိုက်နေကြပေမယ့် နောက်ပိုင်းမှာတော့ အချင်းချင်းမကြေလည်မှုလေးတွေ ရှိလာခဲ့တယ်။ အခုတော့ အချင်းချင်းပြန်လည်တိုက်ခိုက်ကြတဲ့ အခြေအနေတွေဖြစ်လာပြီ။ချင်းညီနောင်အဖွဲ့ဟာ ချင်းပြည်နယ် တောင်ပိုင်းက မတူပီမြို့ကို တိုက်ခိုက်နေပြီး ထိုတိုက်ပွဲတွေ ချင်းကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာပြီး ချင်းညီနောင်တပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှ အချင်းချင်းတိုက်ပွဲတွေ ဖြစ်လာတာပါ။ထိုတိုက်ပွဲတွေကြောင့် စစ်ကောင်စီကို တိုက်နေတဲ့မတူပီမြို့သိမ်းတိုက်ပွဲကို ခဏရပ်ထားရတယ်။ အခြေအနေတွေကတော့ စစ်ကောင်စီအကြိုက်ပေါ့။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


