မြန်မာပြည်တောင်ပိုင်းတစ်ခုတည်းသောEAOကြီးဖြစ်တဲ့ KNUအခြေစိုက်ရာ ကရင်ပြည်နယ်ရဲ့ အခြေအနေကတော့ သိပ်အားရစရာမကောင်းလှပါဘူး။ အရင်ကရေးခဲ့ဖူးသလိုပဲ တော်လှန်ရေးမှာ လူမျိုးရေးတွေ ကိုယ်ကျိုးစီးပွားတွေ ပါဝင်ပတ်သတ်နေတယ်။ အခုလောလောဆယ်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းရှိနေတဲ့ မြဝတီမြို့အနားက ဒေါနတောင်ဒေသကလွဲလို့ အခြားနေရာတွေမှာ ငြိမ်သက်နေတယ်။ ကရင်ပြည်နယ်ထဲမှာ စစ်ရေးအခြေအနေတိုးတက်ဖို့က BGFကိုအရင်ရှင်းမှရမယ်။ BGFကို မရှင်းနိုင်ပဲ ဒါမှမဟုတ်ကိုယ့်ဘက်ပါအောင် မဆွဲဆောင်နိုင်ပဲနဲ့တော့ စစ်ကောင်စီကို တိုက်ထုတ်ဖို့ မဖြစ်နိုင်ပါဘူး။ KNUအနေနဲ့ အခုချိန်ထိတစ်စုံတရာဖြေရှင်းမယ့် အရိပ်အယောင်တောင် မတွေ့ရသေးဘူး။ ဒီအတိုင်းနောက်ထပ်အချိန်ကြာကြာ ဇာတ်မြောနေလိမ့်ဦးမယ်နဲ့တူတယ်။ ဒါကြောင့်လက်ရှိစစ်ရေးမှာ အနောက်ပိုင်းနဲ့ မြောက်ပိုင်းကိုသာမျှော်လင့်လို့ ရနိုင်ပြီးတောင်ပိုင်းကအခြေအနေ သိပ်မကောင်းလှပါ ဘူး။