တနိုင်ငံလုံးက စစ်ရေးလှုပ်ရှားမှုတွေအကြောင်းဆက်ပြောရမယ်ဆိုရင် ၁၀၂၇စစ်ဆင်ရေးပြီးနောက် သိသိသာသာငြိမ်ကျသွားတဲ့ဒေသကတော့ စစ်ကိုင်းတိုင်းပါ။ စစ်ကိုင်းတိုင်းထဲမှာ ထိတွေ့မှု ကြီးကြီး မားမားမဖြစ်တော့တာ အတော်ကြာနေပြီ။ စစ်တပ်ဘက်ကလဲ စစ်ကြောင်းမထိုးနိုင်တော့သလို တော်လှန်ရေးအဖွဲ့တွေကလဲ ကနီမြို့တိုက်ပွဲပြီးနောက် တိုက်ပွဲကြီးကြီးမားမား မဖော်ဆောင်တော့ဘူး။ စစ်ကိုင်းတိုင်းထဲမှာ အဖွဲ့တွေအမြောက်အများ ကွဲထွက်နေတာကြောင့် တပြိုင်နက်စစ်ရေး မဖော်ဆောင် နိုင်သေးတာလဲပါမှာပေါ့။ အခုလိုငြိမ်သက်နေခြင်းဟာ ထိုးစစ်ကြီးတစ်ခုအတွက် ပြင်ဆင်နေတာ ဖြစ်ပါ စေလို့ ဆုတောင်းမိတယ်။ချင်းပြည်နယ် ထဲမှာလဲ မြို့သိမ်းတိုက်ပွဲတချို့ ရှိနေပေမယ့် တိုးတက်မှု နှေးကွေးနေသေးတယ်လို့ထင်တယ်။ ချင်းပြည်နယ်ကို ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကိုဖြတ်ကျော်ပြီးမှရောက်ရှိမှာဖြစ်လို့ ပထဝီဝင်အနေအထားအရ အားသာချက်များစွာရှိနေပြီး ပထမဆုံးလွတ်မြောက်တဲ့ ပြည်နယ်ဖြစ်ဖို့အခွင့်အလမ်းရှိပေမယ့်လဲအခုချိန်ထိသိသာထင်ရှားတဲ့စစ်ရေးအောင်မြင်မှုတွေမတွေ့ရသေးပါဘူး။ သူ့ထက်စာရင် နေပြည်တော်နဲ့ အနီးဆုံးဖြစ်နေတဲ့ ကရင်နီပြည်နယ်ကမှ လက်စောင်းထက် နေသေးတယ်။ ပြည်နယ်တစ်ခုလုံးနီးပါး မြို့တော်လွိုင်ကော်မှ လွဲပြီးထိန်းချုပ်နိုင်နေပြီ။ ဒီရက်ပိုင်းစစ်ကောင်စီက ပြည်နယ်ထဲစစ်ကြောင်းပြန်ထိုးနေလို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေဦးမှာပါ။
ဒီဇင်ဘာ ၂၁၊ ၂၀၂၄။ (စနေ)
ချင်းပြည်နယ်မှာလဲမင်းတပ်မြို့ကို တစ်လကျော်ကြာတိုက်ခိုက်ပြီးနောက်ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်ပါပြီ။မင်းတပ်မြို့သိမ်းတိုက်ပွဲမှာလဲလက်နက်ကြီးတွေအပါအဝင် လက်နက်အများအပြားနဲ့စစ်သူပုန်ရာချီပြီးဖမ်းဆီးရမိခဲ့တယ်။မှတ်တမ်းဓာတ်ပုံတွေအရ ချင်းပြည်နယ်ထဲကတိုက်ပွဲတွေမှာ...