Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ထဲမဝင်လို၍ တိမ်းရှောင်နေသူတို့၏ မိသားစုဝင်များ ခြိမ်းခြောက်ခံနေရ

Jun 17,2024

June 17, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

စစ်မှုမထမ်းလို၍ ထွက်ပြေးတိမ်းရှောင်နေသည့် လူငယ်များ၏ မိသားစုဝင်များကို နေအိမ်ပိတ်သိမ်းမည်၊ အခြားအရေးယူမှုများလုပ်မည်ဟု စစ်ကောင်စီ အုပ်ချုပ်ရေးအရာရှိများက ခြိမ်းခြောက်နေသည်။

စစ်သည်အင်အား အကြီးအကျယ် လိုအပ်နေသည့် စစ်ကောင်စီက အာဏာသိမ်းတပ်ထဲ မဝင်လိုသဖြင့် တိမ်းရှောင်နေသည့်လူငယ်တို့၏ နေအိမ်များသို့ သွားရောက်ပြီး ဖိအားပေး၊ ခြိမ်းခြောက်နေကြောင်း ကြုံတွေ့နေရသူ မိသားစုဝင်များက ပြောသည်။

စစ်မှုထမ်းရန် ပြီးခဲ့သည့် ဇွန်လအတွင်း ဆင့်ခေါ်စာလက်ခံရရှိသည့် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်နေ လူငယ်တစ်ဦး တိမ်းရှောင်သွားရာ မြို့နယ်အုပ်ချုပ်ရေးမှူးက မိသားစုဝင်များကို ခေါ်ယူကာ ထိုလူငယ်ကို ရှာဖွေခေါ်ယူပေးရမည်ဟု သတိပေးထားကြောင်း သိရသည်။

“အမျိုးတွေအိမ်၊ သွားတတ်တဲ့နေရာတွေကို သွားရှာပါ၊ မတွေ့ရင်တော့ ဖမ်းဝရမ်းထုတ်မယ်၊ ထောင် ၃ နှစ် ကျမယ်လို့ ပြောတယ်၊ ထွက်ပြေးတဲ့ကောင်လေးရဲ့ ဖုန်းနံပါတ်လည်း တောင်းထားတယ်” ဟု မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

အခြားသူ ၁၅ ဦးထက်မနည်းလည်း အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်ဖြေရှင်းနေသည်ကို တွေ့ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

ထိုသို့သတိပေးခံရအပြီး ရက်ပိုင်းအကြာတွင် ယူနီဖောင်းဝတ် ရဲနှင့် စစ်သား ၁၀ ဦးထက်မနည်း ရောက်ရှိလာကာ နေအိမ်အတွင်း အိမ်သာပါမကျန် လိုက်လံရှာဖွေကြောင်း၊ ထွက်ပြေးသူများကို ဖမ်းဝရမ်းထုတ်ထားသည်ဟု ရဲမှူးအဆင့်ရှိသူက အသိပေးပြောဆိုခဲ့ကြောင်း အထက်ပါ မိသားစုဝင်က ပြောသည်။

“အိမ်ကိုလည်း ဓာတ်ပုံရိုက်သွားတယ်၊ ပုံစံ ၆၆ (အိမ်ထောင်စုဇယား) လည်း သိမ်းသွားတယ်၊ ဖမ်းဝရမ်းထုတ်ပြီးလို့ မမိရင်တော့ အိမ်ကို ချိပ်ပိတ်မယ်ဆိုပြီး ပြောသွားတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့ ၂ ကြိမ် ဖိအားပေးပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ထပ်မံ ဆင့်ခေါ်ထားသေးသည်ဟု ထွက်ပြေးတိမ်းရှောင်နေသည့်လူငယ်၏ မိသားစုဝင်က ပြောသည်။

“ခုထိတော့ မသွားရသေးဘူး။ ဘာတွေဆက်ဖြစ်မလဲတော့ မသိဘူး” ဟု ၎င်းက ဆိုသည်။

၎င်းနှင့် ဘဝတူ အခြားအမျိုးသမီးတစ်ဦးက ရင်းနှီးသည့်အုပ်ချုပ်ရေးပိုင်းမှ အရာရှိတစ်ဦးကို ငွေပေး၍ ဖြေရှင်းလျှင် မည်မျှကုန်ကျနိုင်ကြောင်း မေးမြန်းရာ ယင်းအရာရှိက “ခုက ငွေမလိုဘူး၊ လူပဲလိုတယ်” ဟု တုံ့ပြန်ကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

စစ်ဗိုလ်ချုပ်များ နေထိုင်သည့် နေပြည်တော်တွင် ဇဗ္ဗူသီရိ၊ ပျဉ်းမနား၊ လယ်ဝေးမြို့နယ်တို့မှ မိသားစုဝင် ၁၀၀ ထက်မနည်း ဖိအားပေးခံနေရကြောင်း အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

နိုင်ငံအလယ်ပိုင်း မန္တလေးမြို့တွင်လည်း အလားတူဖြစ်စဉ်များရှိနေကြောင်း သိရှိရသည်။

ဇူလိုင်လ ၃ ရက်နေ့ ညနေပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသားတစ်ဦးက အုပ်ချုပ်ရေးရုံးအဖွဲ့ဝင်တချို့ အိမ်အထိ ရောက်လာသည်ဟု ပြောသည်။

“၂ ပတ်အတွင်း ခေါ်ပေးဖို့ပြောတယ်။ မလာရင် ထောင် ၃ နှစ်ချမယ်၊ မိသားစုကိုလည်း အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်၊ အားလုံး စိုးရိမ်သောကတွေနဲ့ နေနေရတာပေါ့” ဟု အသက် ၂၈ နှစ်အရွယ် ထိုအမျိုးသားက ဆိုသည်။

“အချိန်ပေးထားတာ၂ ပတ်ဆိုတော့ ဘာတွေဖြစ်လာမယ် မသိရသေးဘူး”

စစ်သားသစ်များကို ရှေ့တန်းသို့ ပို့မည်မဟုတ်၊ ၂ နှစ်ပြည့်လျှင် ထွက်ခွင့်ရမည်ဟု စစ်တပ်ထောက်ခံသူများက ဝါဒဖြန့်ခဲ့ပြီးနောက် စစ်သားသစ်များကို အတင်းအကျပ် စုဆောင်းကာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကို ဧပြီလတွင် စတင်ခဲ့သည်။

ရန်ကုန်တိုင်းရှိ မြို့နယ် ၅ မြို့နယ်ထက်မနည်းကို လိုက်လံမေးမြန်းကြည့်ရာ အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် ခြိမ်းခြောက်နေခြင်းကို မတွေ့ရသေးကြောင်း သိရသည်။

စစ်သားသစ်စုဆောင်းရန် မြေပြင်တွင် ကွင်းဆင်းလုပ်ကိုင်ရသည့် အုပ်ချုပ်ရေးမှူးများက ၎င်းတို့နှင့် အဆင်မပြေသည့်အိမ်မှ လူငယ်တို့ကို စစ်မှုထမ်းရမည့်သူများစာရင်းတွင် ဦးစားပေး ထည့်သွင်းလေ့ရှိသည်ဟု ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“အုပ်ကြီးတွေနဲ့ အဆင်မပြေလို့ တစ်အိမ်တည်းမှာနေတဲ့ ဝမ်းကွဲညီအစ်ကိုတွေ ၄ ယောက်တောင် စစ်မှုထမ်းပါတာ၊ အပတ်စဉ် ၂ မှာ၊ အဲမှာ တစ်အိမ်လုံး အိမ်ပိတ်ပြီး ပြောင်းသွားကြတာ” ဟု ၎င်းက ဆိုသည်။

ဒေသအသီးသီးရှိ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်၊ နေအိမ်မီးရှို့မှု ကျူးလွန်နေသည့် စစ်ကောင်စီတပ်ထဲသို့ ဝင်ရောက်ရမည်ကို စိုးရိမ်သဖြင့် လူငယ်အများပြား နေရပ်စွန့်ခွာ တိမ်းရှောင်ခြင်း၊ စစ်မှုထမ်းစာရင်းတွင် မပါဝင်စေရန် အုပ်ချုပ်ရေးမှူးများကို ငွေကြေးပေးကမ်းခြင်း စသည့် နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းနေကြရသည်။

စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသော်လည်း ထွက်ပြေးတိမ်းရှောင်၍ ကျန်ရစ်သူ မိသားစုနှင့် ထွက်ပြေးသူကို မည်သို့ အရေးယူမည်ဆိုသည့် နည်းဥပဒေမရှိသေးပေ။

စစ်ကောင်စီအသက်သွင်းသည့် စစ်မှုထမ်းဥပဒေသည် တရားဝင်မှုမရှိသည့်အတွက် လိုက်နာရန် မလိုအပ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။

နိုင်ငံ့အနှံ့တွင် စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် တပ်သားများဆုံးရှုံးခြင်း၊ စစ်စခန်းများဆုံးရှုံးခြင်း၊ ထိန်းချုပ်နယ်မြေများဆုံးရှုံးခြင်းတို့ ကြုံလာရချိန်တွင် စစ်မှုထမ်းဥပဒေကို တက်သုတ်ရိုက် အသုံးချကာ စစ်သားစုဆောင်းလာနေသည်။

Source; Myanmar Now

Link; https://myanmar-now.org/mm/news/53413/

 

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English