မုတ်သုံလေဟာ မြန်မာတနိုင်ငံလုံးကို ဝင်ရောက်ပြီးမိုးရာသီကို ရောက်ရှိလို့လာပါပြီ။မြန်မာပြည်မှာ မိုးရာသီရောက်ရင် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေနည်းပါးတတ်ပေမယ့်လဲ ဒီနှစ်မိုးဦးမှာတော့တိုက်ပွဲတွေအထိုက်အလျောက်ရှိနေဆဲပဲ။စစ်ရေးအရှိန်တောက်လျောက်မကျပဲ ပြင်းထန်နေတဲ့ဒေသကတော့ ရခိုင်ပြည်နယ်ပေါ့။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအားလုံးနီးပါးကို အေအေတပ်တော်က သိမ်းပိုက်ပီးနောက်မှာ တိုက်ပွဲတွေဟာရခိုင်တောင်ပိုင်းက တောင်ကုတ်မြို့နယ်အထိ ရောက်ရှိလာပါပြီ။အခုလောလောဆယ်တော့ သံတွဲမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်။ မကြာမီမှာပဲ သံတွဲမြို့ကို အေအေကသိမ်းနိုင်တော့မှာပါ။ အေအေတပ်တော်ဟာ မိုးရာသီလဲမနားပဲ ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းနိုင်ဖို့အားထုတ်လိမ့်မယ်ထင်တယ်။ ရခိုင်ပြည်နယ်နောက်လိုက်နေတာကတော့ ကချင်ပြည်နယ်ပါ။ ကချင်ပြည်နယ်မှာလဲ KIAရဲ့ထိုးစစ်စပီးနောက် မြို့အချို့ကိုသိမ်းနိုင်ခဲ့တယ်။ အခုနောက်ပိုင်း တိုက်ပွဲတွေအနည်းငယ်စဲသွားပေမယ့်ပျမ်းမျှတနေ့ကို စစ်တပ်စခန်းတစ်ခုနှုန်းလောက်တော့ သိမ်းနိုင်ဆဲပါပဲ။ဒါပေမယ့်ကချင်ပြည်နယ်မှာ KIA ရဲ့ စစ်ရေးရည်မှန်းချက်ကို အခုချိန်ထိမှန်းလို့ မရသေးပါဘူး။ မြို့တော်မြစ်ကြီးနားကို သိမ်းမှာလား၊ပြည်နယ်ထဲဝင်တဲ့လမ်းကြောင်းတွေကို ဖြတ်တောက်မှာလားမသဲကွဲသေးပါဘူး။ ကချင်ပြည်နယ်နဲ့ကပ်လျက် ရှမ်းမြောက်မှာတော့ စစ်တပ်နဲ့မြောက်ပိုင်းသုံးဖွဲ့တို့ စစ်ရေးပြန်လည်တင်းမာနေပါတယ်။စစ်ကောင်စီဘက်က အပစ်ရပ်သဘောတူညီချက်တွေကို ချိုးဖောက်နေတာကြောင့်မကြာမီမှာပဲ တိုက်ပွဲတွေပြန်စလာနိုင်မလားပဲ။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


